Ch-3.1

491 71 2
                                    

Ch-3.1

"ယုတ်မာတဲ့မိန်းမ။ ငါတို့ရှန်းမိသားစုက နင့်ကို ပိုက်ဆံပေးပြီး ငါ့သားကို ရိုက်ခွင့်ပေးထားတယ်လို့ ထင်နေတာလား။"

"နင့်မှာ သားသမီးချင်း ကိုယ်ချင်းစာစိတ်မရှိဘူးလား?"

" နင်စားပါလား ဘာကိစ္စ ငါ့ရဲ့သားက စားရမှာလဲ?"

ကျန်းချာ တကယ်ကို ဒေါသထွက်နေသည်။

တစ်နေ့မှာ ငယ်ရွယ်တဲ့သူက အသက်ပိုကြီးတဲ့သူကို အော်ငေါက်ရလိမ့်မိမယ်လို့ သူမ မထင်ခဲ့ပေ။ ဒါပေမဲ့ သူမ တကယ်ကို သည်းမခံနိုင်ဘူး။

သူမ၏သားဖြစ်သူကို အောက်တိုဘာလတွင် ကိုယ်ဝန်ဆောင်ခဲ့ကာ သူမရဲ့ ခန္ဓာကိုယ်မှ ပြုတ်ကျခဲ့သော အသားတစ်ပိုင်းဖြစ်သည်။

ကျန်းချာ အလွန်နောင်တရသည်။ သားဖြစ်သူအပေါ် ဘာလို့ ဒီလောက်တောင် လစ်လျူရှုထားမိတာလဲ? အလုပ်ကို စိတ်အားထက်သန်စွာနဲ့ဘာကြောင့်လုပ်ခဲ့မိတာလဲ?

"ကျောင်းရင်!" ကျန်းချာ က အံကြိတ်၍ " ငါသေချာပေါက် နင့်ကို လွှတ်မပေးဘူး!"

ပါးရိုက်ခံရတဲ့ ကလေးထိန်းမှာ ငိုယို၍ "မစ္စကျန်း၊ကျွန်မ မှားမှန်းသိပါတယ် မစ္စကျန်း... ကျွန်မ သခင်လေးကို မစော်ကားခဲ့သင့်ဘူး.. အခွင့်အရေးပေးပါ"

"ဒါက အလွဲသုံးစားလုပ်တယ်ဆိုတာ နင်လည်းသိတယ်လေ.. " ကျန်းချာ က ဒူးထောက်ထိုင်၍ ကလေးထိန်းရဲ့ မျက်လုံးတွေကို စိုက်ကြည့်ရင်းဖြင့် "ဒါဆို အလွဲသုံးစားမှုဟာ တရားမ၀င်ဘူးဆိုတာ နင်သိထားသင့်တယ်"

"ကျွန်မ-"

ကျန်းချာ မတ်တပ်ထရပ်၍ ဖုန်းရှာကာ ရဲကို အရင်ခေါ်ကာ ကျန်တဲ့မိသားစုတွေကို ဖုန်းဆက်လိုက်သည်။

ကလေးထိန်း မှာ လုံးဝကို ထိတ်လန့်သွားသည်။

ဖုန်းဆက်ပြီးနောက် ကျန်းချာ ပင်ပန်းလာသည်။

သူမ မြင်ရတဲ့ နေရာတိုင်း ဆိုဖာအစွန်းမှာ ထမင်းစေ့နဲ့အသီးအရွက်တွေ ပြန့်ကျဲနေသည်။

ထိုမိန်းမက သားဖြစ်သူရဲ့ ပါးစပ်ထဲသို့ အချို့သော အရာများကို ထည့်ခဲ့သည်။

ကျန်းချာ မတုန်လှုပ်ပါ။ ဒါတွေအားလုံးက သက်သေတွေဖြစ်သည်။

ရှန်းရန် ထွက်လာပြီး တံခါးကို ညင်သာစွာပိတ်၍ ကျန်းချာ ဆီသို့ လျှောက်လာသည်။

"မစ်စတာရှန်း!" ကလေးထိန်းမှာ ယောက်ျားတွေက မိန်းမတွေထက် ပိုကောင်းတယ်လို့ ထင်နေပုံပင်။

ကလေးထိန်း သည် ရှန်းရန် ဆီ သို့ ပြေးသွားကာ ဒူးထောက်ထိုင်၍ သူ့အဝတ်ထောင့်ကို ဆွဲကိုင်ရင်း တောင်းပန်နေတော့သည်။ "မစ်စတာရှန်း.. တောင်းပန်ပါတယ်၊ကျွန်မ မှားမှန်းသိပါတယ်၊ဆရာနဲ့မစ္စကျန်း မှာ ပိုက်ဆံအများကြီးရှိပါတယ်.. ခွင့်လွှတ်ပေးပါ!"

"ကျွန်မရဲ့ ခင်ပွန်းက မသန်မစွမ်းပါ၊ကလေး၂ယောက်ရှိပြီး မိဘယောက္ခမလည်း ရှိပါတယ်။ တစ်မိသားစုလုံးကို ကျွန်မက စောင့်ရှောက်ပေးနေရတာပါ။ ကျွန်မမှာ ဝင်ငွေမရှိတော့ရင် မိသားစုတစ်ခုလုံး ဒုက္ခရောက်သွားမှာပါ။"

ရှန်းရန် ငုံ့ကြည့်သည်။

"ကျွန်မ ရဲ့ ကလေးနှစ်ယောက် ကျောင်းတက်နေတုန်းပဲ၊မစ်စတာရှန်း ... ကျွန်မ တောင်းပန်ပါတယ်.. လွှတ်ပေးပါ..! ကျွန်မ သူတို့ကို သိက္ခာကျသွားအောင်လုပ်လို့မဖြစ်ဘူး!"

"မင်းခင်ပွန်းက မသန်မစွမ်း၊ကျောင်းက ကလေးနှစ်ယောက်နဲ့မိဘယောက္ခမတွေကို ထောက်ပံ့နေရတယ်လား?" ရှန်းရန် ထပ်ခါတလဲလဲ ပြောလိုက်သည်။

ကလေးထိန်းမှာ အကြိမ်ကြိမ် ခေါင်းညိတ်၍ "ဟုတ်ပါတယ် မစ်စတာရှန်း၊မိသားစုကို ထောက်ပံ့ဖို့ အမျိုးသမီးတစ်ယောက်အနေနဲ့ကျွန်မ အတွက် .. တကယ့်ကို ခက်ခဲပါတယ်။"

"သို့ပေမဲ့..." ရှန်းရန်၏လေသံမှာ အလွန်အေးစက်နေသည်။ "ဒါက ငါနဲ့ဘာဆိုင်လို့လဲ"

" မစ်စတာရှန်း! " ကလေးထိန်း က ရှန်းရန် ရဲ့အဝတ်ထောင့်ကို လွှတ်၍ စိတ်ထဲကနေ ရယ်မောနေလေသည်။

ပြန်လည်မွေးဖွားပြီးနောက် ငါ့ကလေး ကို ပြုစုပျိုးထောင်ဖို့ပဲ ဂရုစိုက်ချင်တော့တယ်။Where stories live. Discover now