Part 2 ( Uni )

1.7K 205 0
                                    

နဖူးစာရွာလည် ၂၁ ရာစုဝယ်
_________________________

Unicode

Part 2

"မဆွေ ရောက်လာပြီပဲ ။ ဟိုကုတင် နံပတ် ၃၄ ကလေ တစ်နေကုန် အဲ့မှာဘောပင်ရယ်စာရွက်ရယ် ပြက္ခဒိန်တစ်ခုနဲ့ပဲ အလုပ်ရှုပ်နေတယ် ။ ဘာစကားတစ်ခွန်းမှလည်း မပြောဘူး ။ သူဗိုက်ဆာနေမှာစိုးလို့ ကျွန်မ ထမင်းကျွေးတာလည်း မစားဘူးရယ် ။ "

မနက်ပိုင်း ဂျူတီကျသည့် ဟေမာ ကလည်း ဆွေဆွေ့အား တွေ့သည်နှင့် အနားရောက်လာကာ ကြယ်နီမောင် အကြောင်းပြောပြတော့သည် ။ ဆွေဆွေ ကုတင်ပေါ်သို့ လှမ်းကြည့်လိုက်တော့လည်း စာရွက်ပေါ်တွင် ရေးခြစ်နေသည် ။

"အင်း ဟေမာရယ် ။ အစ်မလည်း အဲဒါကြောင့် မနက်ကဂျူတီမလဲခင် ဟေမာတို့ကို မှာထားခဲ့ရတာ ။ ဦးခေါင်းအတွင်းပိုင်းမှာ အနည်းငယ် ထိခိုက်ထားတယ် ထင်ပါရဲ့ ။ "

နှစ်ဦးသား ဂရုဏာသက်သည့် မျက်ဝန်းတို့ဖြင့်သာ ငေးကြည့်လျက် သက်ပြင်းကိုယ်စီချလိုက်မိကြသည် ။

"ကြင်ယာတော်..မောင့် ကြင်ယာတော်.."

ရုတ်တရက်ကုတင်ပေါ်မှဆင်းကာ စကြ္ံ ဘက်သို့ ဖိနပ်မပါဘဲ ပြေးသွားသည်ကြောင့် ဆွေဆွေ တို့ အနောက်မှလိုက်ရတော့သည် ။

မောင် , အနောက်မှ ပြေးလိုက်လာသည့်ခြေသံနှင့်အတူ ကြင်ယာတော်ဆိုသည့် အသံကြောင့် ခေါင်းမိုးကြိုးပစ်ချခံလိုက်ရသည့်နှယ် ကြိမ်းစက်သွားရသည် ။

" ဟာ..ဆေးရုံထဲလျှောက်ပြေးခွင့်မရှိဘူးလေ ။ "

အထူးကုဆရာဝန်ကြီးကလည်းအနားမှဖြတ်သွားသည်မို့ ခပ်တိုးတိုးပြောသံကို မောင် ကြားလိုက်ရသည် ။ ကိုယ် မရပ်လျင် အနောက်က ဆက်တိုက်လိုက်နေမည် ဖြစ်သည်မို့ နောက်ပြန်လှည့်ကာ ခပ်တည်တည် စိုက်ကြည့်နေလိုက်သည် ။

"ဒေါက်တာကိုတွေ့လို့ပြေးထွက်တာကိုး ။ ကျွန်မတို့မှာ စိုးရိမ်တကြီး လိုက်လာလိုက်ရတာ ။ "

သူနာပြု မဆွေ နှင့် ဟေမာ တို့ကလည်း ပြေးလိုက်လာရ၍ ဖရိုဖရဲဖြစ်သွားသည့် သူမတို့ ကိုယ် သူမတို့ အိန္ဒြေ ပြန်ဆယ်ရင်း ပြောလာသည် ။ ဟို ကြယ်နီမောင် ကတော့ မောင့် လက်ဖဝါး နှစ်ဖက်ကိုပင် ဆွဲကိုင်ယူကာ ပြူးပြဲကြည့်နေပြန်သည် ။

နဖူးစာရွာလည်၂၁ရာစုဝယ် [ BL Short Story Completed ]Where stories live. Discover now