Final ( ZG )

772 78 0
                                    

_________________________

Zawgyi

Final

"ဘာတွေလဲ ကြယ်နီ "

ဆယ့်နှစ်နာရီ ထိုးဖို့ မိနစ်သုံးဆယ်အလိုတွင် မောင် တို့ ​ဆေးရုံရှိ ရေကန်ဘေးသို့ရောက်လာကြသည် ။ ကားရပ်တာနှင့် ကားနောက်ခန်းကအထုပ်အား ယူကာ ဖွင့်နေသည်မို့ မောင် မေးလိုက်သည် ။

"အဝတ်အစားတွေလေ ။ ကျွန်တော် ပြန်သွားဖို့အချိန်ကို​ရောက်ပြီ မောင် ။ ဒီကာလအတွင်း ကူညီပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ် ။ မောင် က ကျွန်တော့် ကြင်ယာတော် ဖြစ်နေပေမဲ့ ခေတ်ကာလမတူတဲ့အပြင် အမျိုးသားတြွေဖစ်နေတာမို့ပေါင်းစပ် ဖို့က မဖြစ်နိုင်ဘူး..။ ဒါ့ကြောင့် ကျွန်တော် လာခဲ့တဲ့ဆီကို မဖြစ်မနေပြန်သွားဖို့လိုတယ် ။ အခုလောက်ဆို သူတို့တွေ ကျွန်တော် မရှိလို့ ပြဿနာတက်နေကြမှာ ..။ "

တရစပ် ပြောသွားသည့် စကားတွေအားနားထောင်ရင်း မောင် စိတ်ထဲ ဘာကိုအလိုမကျဖြစ်မှန်းမသိဖြစ်ကာ စိတ်တိုလာရသည် ။ ထို ကြယ်နီ ကတော့ အနောက်အခန်းသို့ကူးသွားကာ အဝတ်အစားတို့ကို လှဲဖယ်နေသည် ။

အချိန်အားဖြင့် ခဏတာပေမဲ့ မောင့် အပေါ် သူသံယောဇဉ် ရှိပါတယ် ။ သံယောဇဉ်တွေဒီထက်မခိုင်မာခင် ဖြတ်တောက်ရမခက်ခင် သူထွက်သွားဖို့သင့်တယ်ဟုလည်း တွေးမိပါတယ် ။
ဒါ့ကြောင့်သာ အခုလို ပြောပြီး နှုတ်ဆက်ရခြင်းဖြစ်ပါတယ် ။

"မင်းဘက်ကတစ်ဖက်သတ်ပြောချင်တာတွေပြောပြီး ထွက်သွားမှာလား ကြယ်နီ , ကိုယ် ပြောတာကိုကောနားမထောင်သွားတော့ဘူးလား ? "

ရေကန်စပ်နားတွင်ရပ်နေသည့် ကြယ်နီ့ လက်အားဆွဲကာ မောင်ပြောလိုက်သည် ။

"ပြောပါ မောင် ။ ကျွန်တော် နားထောင်နေပါတယ် ။ "

"ပြွတ် "

ထင်မှတ်မထားသည့် မောင့် ရဲ့ အပြုအမူကြောင့် ကြယ်နီ မတ်တပ်ရပ်လျက်ပင် ဝိညာဉ်ကင်းမဲ့သွားသလို အေးစက်တောင့်တင်းသွားရသည် ။

နူးညံ့သောနှုတ်ခမ်းသားအိအိလေးတို့၏ အထိတွေ့ကြောင့် မောင့်ကမ္ဘာကြီးရပ်သွားသလို နှလုံးတွေတအားခုန်လာရသည် ။ ဘဝတွင်ပထမဆုံးနမ်းဖူးသော အနမ်း မဟုတ်ပေမဲ့ ဆယ်ကျော်သက်အရွယ်လိုပင် သူရင်ခုန်နေမိသည် ။

နဖူးစာရွာလည်၂၁ရာစုဝယ် [ BL Short Story Completed ]Where stories live. Discover now