[ Edit ] အခန်း - (၂)

1.9K 184 3
                                    

[ ထူးချွန်သောကလေးငယ် ]

ဝမ်းနည်းစရာဘဝက ဘာမှလုပ်လို့မရတဲ့ကလေးအရွယ်ဖြစ်နေတာပဲ။ လေးဘက်ထောက်ချင်တာတောင် ဘေးကအကူတွေလုပ်ပေးမှ လေးဘက်ထောက်လို့ရတဲ့အဖြစ်။

ငါ့ကိုနို့ဗူးတွေတိုက်စရာမလိုတော့ဘူးလို့ အကြောက်အကန်ငြင်းချင်လည်း ထွက်လာတဲ့အသံက
အူဝဲ ဝူးဝူး ဝါးဝါး တွေ။

စကားပြောလို့ရမလားဆိုပြီးအသံထွက်ကြည့်တာ ငိုနေတယ်ထင်ပြီးနို့ဗူးတွေပဲလာလာတိုက်နေကြတယ်။
ဒေါသတကြီးလက်သီးဆုပ်ကာ မျက်နှာဆူမိတော့ ထိန်းနေတဲ့လူတွေကအသည်းယားသွားရသည်။

"သခင်လေးကချစ်စရာလေး "

ဒေါသထွက်နေတာ ဒေါသထွက်နေတာလို့ !

ဟင်း ~

"သားလေး ဘယ်လိုနေလဲ"

အလုပ်ကနေပြန်လာပုံရတဲ့သူရဲ့အမေနဲ့အဖေ။

လူကိုပွေ့ချီပြီးဖက်နမ်းတော့ လက်လေးတွေနဲ့တွန်းသည်။

မကြိုက်ဘူး မနမ်းနဲ့။

"ဟားဟား ငါ့သားကတော့အခုချိန်ထိအနမ်းမခံဘူးကွာ ဒီအဖေကိုမုန်းနေတာလား"

"ရှင်ကလည်းသားလေးကမုန်းစရာလား"

မျက်နှာလေးနွမ်းသွားတော့ရိပေါ်မနေနိုင်ပေ။ ဘာပဲဖြစ်ဖြစ် ငါ့အဖေ အေးပေါ့ ငါမိဘတွေပဲလေ။ လက်လေးတွေကဆန့်တန်းလာပြီး အဖေဖြစ်သူရဲ့မျက်နှာကိုထိကိုင်လို့ အာဘွားပေးလိုက်သည်။

"ပါပါး ပါပါး "

"မိန်းမ ငါ့သားကငါ့ကိုဖေဖေလို့ခေါ်ပြီးအာဘွားပေးတာလား ဟမ် "

"ဟုတ်တယ် သားလေးကမမုန်းပါဘူးဆို"

"ငါ့သားအသက်ကအခုမှတစ်နှစ်ကျော်နှစ်နှစ်နီးပါးမလား ပါးပါးလို့ခေါ်တတ်နေပြီ ငါ့သူငယ်ချင်းတွေကိုဖုန်းဆက်ကြွားရမယ်"

"ရှင်တော်တော်ကဲ "

"ဟားဟား ငါ့သားလေးကထက်မြက်မယ့်ပုံလေးကွာ"

ရိပေါ် : ကျိန်းသေတာပေါ့ ငါ့လောက်ထက်မြက်တဲ့သူဘယ်သူမှမရှိဘူး။

သာယာသောမိသားစုလေးထဲတွင် ရိပေါ်မွေးဖွားလာခဲ့သည်။

[ ထူးချွန်သောကလေးငယ် ]


အူဝဲ ဝူးဝူး ဝါးဝါး တွေ။


"သခင်လေးကချစ်စရာလေး "


ဟင်း ~

"သားလေး ဘယ်လိုနေလဲ"



မကြိုက်ဘူး မနမ်းနဲ့။




"ပါပါး ပါပါး "




"ရှင်တော်တော်ကဲ "




ဗီလိန်ဖေဖေအားမွေးစားခြင်း (Book-1)Where stories live. Discover now