06

15.4K 2.1K 69
                                    

[ မထင်မှတ်ထားသောသူများနှင့်တွေ့ဆုံခြင်း ]

ဒီနေ့ကအများပြည်သူဆိုင်ရာ ပိတ်ရက်တစ်ရက်
ရှင်းရှင်းပြောရရင် တနင်္ဂနွေနေ့

ပိတ်ရက်မှာ အနားယူနေတဲ့ ငါးနှစ်ပြည့်ခါနီးဝမ်ရိပေါ်

နေလုံးကြီးက ထွက်ပေါ်လာလို့ ကောင်းကင်တည့်တည့်ရောက်လုနီးပါးဖြစ်နေတာတောင်
ကိုယ်ပိုင်အိပ်ရာကနေမစွန့်ခွာနိုင်သေးတဲ့ရိပေါ်

အခုတလော ရှောင်းကျန့် နောက် တောက်တဲ့လိုလိုက်ကပ်ရတာ
ပင်ပန်းနေပြီလေ

အခန်းတံခါးခေါက်သံကညင်သာစွာထွက်ပေါ်လာတယ်

မွေ့ယာကအိခနဲ ဖြစ်သွားပြီး
ခေါင်းလုံးလုံးလေးကိုပွတ်သပ်နေတဲ့လက်တစ်ဖက်

ရိပေါ် ဘယ်သူလဲဆိုတာသိတော့
ထိုလူရဲ့ကိုယ်ပေါ် ကုပ်တွယ်ပြီး ပြန်အိပ်တယ်

"သားလေး ထတော့လေ"

"သားသားကအိပ်နေတုန်း မနိုးသေးဘူး "

"မနိုးတဲ့သူကစကားပြန်ပြောတယ်ပေါ့ "

ဟောက်သံလေးလုပ်ကာ သူအိပ်ပျော်နေတယ်ဆိုတာကို
သက်သေပြနေသည်

"အိပ်နေတယ်ဆိုတော့လည်း ဆိုင်ကယ်ရုပ်လေးမဝယ်ပေးတော့ဘူး အိပ် အိပ် သားလေး"

"သားနိုးပြီ အခုသွားဝယ်ကြမလား "

"မျက်နှာလည်းမသစ်ရသေးဘဲနဲ့ "

"သားသား ရေသွားချိုးလိုက်မယ် "

"မားမားပါချိုးပေးမယ် "

"မချိုးနဲ့ သားသားချိုးတတ်တယ် အပြင်မှာစောင့်နေ"

အိပ်ရာပေါ်တွင်ကျန်ခဲ့သော Miss Wang ကတော့
လူကြီးလေးလိုလုပ်နေတဲ့ သူ့သားလေးကိုကြည့်ပြီး
တခစ်ခစ်ရယ်လို့ ဒီအမေကို
ရှက်တတ်တာလည်းလွန်ပါရော

သန့်ပြန်နေတဲ့ရိပေါ်လေးက
သူ့မားမားလက်ကိုဆွဲကာ လိုချင်သော
ဆိုင်ကယ်အရုပ်များကို ဝယ်နေသည်

ဆိုင်ကယ်စီးခွင့်မပေးသေးလို့ စိတ်ပျက်ပေမဲ့
အခုလိုကျတော့လည်းမဆိုးပါဘူး

Legoတွေဆက်ရင်းဖြေသိမ့်ရတာပေါ့

Legoဘူးလေးပိုက်ကာ သူ့မားမားကိုစောင့်နေသော
ရိပေါ်လေး

ဗီလိန်ဖေဖေအားမွေးစားခြင်း (Book-1)Where stories live. Discover now