19

12.2K 1.7K 55
                                    

[ စိတ်ပူမိတာငါ့အမှား ]

ဆောင်းရာသီထုတ်ကုန်အတွက် ကုမ္ပဏီများကအပြိုင်အဆိုင်ကြိုးစားနေကြသည်။

ဇာတ်လိုက်မ ရှိတဲ့ကုမ္ပဏီက အကုန်လုံးထဲတွင် ထင်းထွက်နေမည်ကို ဗေဒင်တွက်ကြည့်စရာတောင်မလိုဘဲ တန်းသိနေသည်။

ရိပေါ် လက်ရေးလှကျင့်နေတဲ့စာအုပ်တွေပေါ် ပုံတွေလျောက်ဆွဲလို့ မကြာခင် စျေးကွက်ထဲမှာထိုးဖောက်လာမယ့် ဖေးမင်ရှီးရဲ့ဒီဇိုင်းအကြောင်းကိုတွေးတောနေသည်။

ဘယ်လိုပဲပြိုင်ပြိုင် ရူံးမှာကရူံးမှာပဲ။ လုခွမ်းဟောင်က ဖေးမင်ရှီးနောက်ကနေကျော်ကြားလာမယ် ဆိုပေမဲ့ အချိန်တစ်ခုကတော့လိုနေဦးမှာပဲ သူ့ကိုယ်သူစိတ်ဓာတ်ကျပြီး အလုပ်မထွက်ဖို့ဆုတောင်းရမယ်။

ဇာတ်ကြောင်းတွေကလည်းပြောင်းလဲ အသက်ကလည်းမကြီးနိုင် ငါဒီကလေးပုံစံနဲ့ဘယ်အချိန်ထိနေရမှာလဲ !!

ဇာတ်လိုက်နဲ့ကြိုက်သွားကြပြီလား မကြိုက်သေးဘူးလား။
ကြိုက်ကြချစ်ကြပြီး မြန်မြန်လက်ထပ်သွားရင်ကောင်းမှာပဲ။

အဲ့ဒါဆိုငါလည်း ရှောင်းကျန့်ကိုကြည့်စရာမလိုတော့ဘူး။

ငါ့ဘဝလေးလွတ်လပ်ချင်နေပြီလို့ ဒီကလေးကိုယ်က တစ်စက်ကလေးမှကိုအဆင်ပြေမနေဘူးနော်။ အဆင်ပြေမနေဘူး။

အဲ့လိုပြောလည်းအသက်မှကြီးမလာနိုင်တာ ဟူး ~

ဘေးနားမှာရှိနေတဲ့ဆရာမလေးကိုကြည့်သည်။
သူမရုပ်ရည်ကမဆိုးပါဘူး။ အမှန်တိုင်းပြောရရင် ဖေးမင်ရှီးကမှမြင်သူတကာကြွေကျစေနိုင်တဲ့အလှမျိုး။

ဒါပေမဲ့ငါ့မျက်လုံးထဲငါ့အမေကလွဲ ဘယ်သူမှမလှသလိုပဲ ငါသာသူ့သားမဟုတ်ခဲ့ရင် သူကငါကြိုက်တဲ့အမျိုးသမီးဖြစ်လာမှာ။

အရင်ဘဝမှာ ရုပ်ချောစော်ကြည်ခဲ့ပေမဲ့ ချစ်သူကတစ်ယောက်တောင်မရှိခဲ့ဘူး။
ရင်ခုန်စေနိုင်တဲ့သူမရှိခဲ့လို့ပေါ့။ ဒီစာအုပ်ကိုဖတ်မှ ဗီလိန်ရဲ့ပုံစံကိုကြွေခဲ့တာ သိဖို့က ငါကစထရိတ်နော်။

ဂေးရင်လည်းဂေးမှာပေါ့ ပြောမရဘူး။

အခုလိုအနီးကပ်မြင်ရမှ ရှောင်းကျန့်ကရေခဲတွေဖုံးထားတဲ့နှင်းဆီနီတစ်ပွင့်လိုပဲ။

ဗီလိန်ဖေဖေအားမွေးစားခြင်း (Book-1)Where stories live. Discover now