07

15K 2K 63
                                    

[ မထင်မှတ်ထားခဲ့သော ]

ဟုတ်ပြီ ငါက ဖေးမင်ရှီး နောက်မလိုက်ချင်လို့သာ
မင်းရဲ့အိမ်သွားမယ်ကို စကားအဖြစ်ပြောလိုက်တာပါ

ဘယ်လိုကြောင့်အတည်ကြီးခေါ်လာရတာလဲ
ခေါ်လာပြီးရင်လည်း ဒီလောက်ကျယ်တဲ့ဧည့်ခန်းထဲ တီဗွီဖွင့်ပြီးထားခဲ့ရအောင် ငါက
ငါးနှစ်ကလေးမှန်းသိပေမဲ့လည်း အသက်၂၄နှစ်အသိဉာဏ်ကြီးက လက်မခံနိုင်ဘူးလေကွာ

ကဲ ကွာ ကဲ ကဲ !!

Legoတွေကို ရန်သူလိုသဘောထားကာ ဆက်နေခြင်း

ဟူး ~

ဆိုင်ကယ်ပုံပေါ်ဖို့ တော်တော်လိုသေးတာပဲ

ငါ့ကိုခေါ်လာတဲ့လူကလည်း အခုထိပေါ်မလာတော့ဘူး

ပေါ်မလာနဲ့ သွားကြ ငါကြိုက်တဲ့ဇာတ်ဆောင်မို့လို့သာ
မတရားသေသွားရလို့သာ မဟုတ်ရင် ဒီကမ္ဘာမှာ ငါလိုချင်တဲ့မိဘမေတ္တာနဲ့အေးဆေးနေနေမှာ

သိလား ကဲကွာ ဆက်စမ်း !

ဧည့်ခန်းကြမ်းပြင်တွင် အိမ်စေများပြင်ပေးထားသော
အမွှေးပွကောဇောထက် မိုချီလုံးလေးတင်ထားသလိုရှိနေသော ရိပေါ်လေး ဘေးပတ်ပတ်လည်မှာ ပွစာကျဲနေတဲ့ legoလေးတွေ

ရှောင်းကျန့် Bathrobe ကိုသာဝတ်ပြီး
ဆင်းလာကာ ရိပေါ်နောက်ရှိ ဆိုဖာထက် ထိုင်ကာ စောင့်ကြည့်နေသည်

ဘေးနားရှိအိမ်စေများက ရိပေါ်အား ချစ်ခင်သောအမူအရာအပြည့်နှင့်
ပြန့်ကျဲနေသောအပိုင်းအစများကို ကောက်ပေးနေကြသည်

"နွားနို့တစ်ခွက်နဲ့ကွတ်ကီးယူလာခဲ့"

"ဟုတ်ကဲ့"

"နေဦး ပြီးရင်မင်းတို့အကုန်ထွက်သွားကြ"

"ဟုတ်ကဲ့"

အသံကြားလို့လှည့်ကြည့်တော့ ဝိုင်သောက်ရင်း
စာအုပ်ဖတ်နေသောသူ
Bathrobe ဝတ်စုံ နက်ပြာရောင်နဲ့ ဝိုင်တစ်ခွက်
စွဲမက်ဖွယ်ကောင်းပါတယ်လေ

စာအုပ်ထဲမှာလည်း အိမ်မှာနေရင် Bathrobe ရောင်စုံဝတ်ပြီးပဲနေတာပါလေ

အဲ့ဝိုင်က 1970 ထုတ် Red Wineမလား
သောက်ချင်လိုက်တာ

"ပါးပါး သောက်ချင်တယ်"

ဗီလိန်ဖေဖေအားမွေးစားခြင်း (Book-1)Where stories live. Discover now