Special Episode

11.6K 1.6K 61
                                    

[ Birthday Boy ]

မွေးနေ့မှာ ကျောင်းတက်နေရတယ်ဆိုတာ အဓိပ္ပါယ်ရှိလား အဓိပ္ပာယ်ရှိကြရဲ့လား။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မွေးနေ့မှာ ကျောင်းတက်နေရတယ်ဆိုတာ အဓိပ္ပါယ်ရှိလား အဓိပ္ပာယ်ရှိကြရဲ့လား။

မားမား ဆီက ဆိုင်ကယ်အစား စကိတ်တောင်းမလား
တွေးပြီးပျော်နေတုန်းရှိသေး ဒီမူကြိုကလာတက်နေရတယ်။

ဒီကလေးစာတွေလည်းမသင်ချင်ပါဘူးဆို

"ဒါလေးကဘာလဲ"

"အဲ့ဒါက Helicopter "

"ဝိုး ရိပေါ်လေးကတော်လိုက်တာ"

ပုံကြီးပြပြီးမေးမှတော့ ထားပါတော့ အရည်အချင်းတွေကပြည့်စုံနေတော့လည်း

နေပါဦး ငါအခုပျော်နေတာလား ဒီမူကြိုစာလေးကိုလေ
အား !!!

မြန်မြန်ပြီးပါတော့ ဒီနေ့မှဘာဖြစ်လို့ သူ့ဆီလာခွင့်ပိတ်ထားရတာလဲ။

ရှောင်းကျန့် ခင်ဗျားကို ပါးပါးလို့ထပ်မခေါ်စေချင်တော့ဘူးလား !

"ဟတ်ချိုး "

"လောင်ရှောင်း နေမကောင်းဘူးလား
ကျန်တာကျွန်မလုပ်လိုက်မယ်"

"ရတယ် "

"ဒါပေမဲ့..."

Miss Wang ရဲ့အတွင်းစိတ်ထဲမှာတော့
ကိတ်မုန့်ကိုမီးလောင်တိုက်သွင်းနေတာလား လောင်ရှောင်းရယ်။

သားလေးကျောင်းသွားတာနဲ့ရောက်ချလာပြီး
ကိတ်မုန့်လုပ်ပေးမယ်ပြင်နေသောသူမကို ကူညီမယ်
လုပ်နေခြင်းဖြစ်သည်။

သူ့ရဲ့လက်ထောက်ကိုကြည့်တော့လည်း အိမ်ထဲတွင် ပူဖောင်းအပြည့်ဆင်နေကာ ခြံထဲတွင်လည်း သူ့တပည့်များအား အလှဆင်ခိုင်းထားလေသည်။

မုန့်လုပ်ရန်ပြင်နေသောသူမအား ထိုင်နေရန်ပြောပြီး
သူချည်းသာ လုပ်နေပေမဲ့ တူးသွားတဲ့ကိတ်မုန့်က ဆယ်လုံးပြည့်တော့မယ်။

ဗီလိန်ဖေဖေအားမွေးစားခြင်း (Book-1)Where stories live. Discover now