4 (u/z)

4K 103 0
                                    

Unicode

" ထိပ်ထား ထမင်း စားရ​အောင်​လေ ကိုယ့် ထိပ်ထား​လေးတွက် ရှယ် ချက်​ပေးထားတယ် "

"မစားဖူး "​ ​ခေါင်းအုံးနဲ့မျက်နာ အပ်ထားလျှက်
" ဟာ က​လေး အသက်ရှုကြပ်ကုန်​တော့မှာပဲ အလိုမ​နေရဘူး​လေကွာ "

" အဟင့်... ဟင့်.... အီးးးဟီးးးးးး....."ငုတ်တုတ်ကြီးထိုင်ကာ အသံစုံ ငို​နေ​သော ထိပ်ထား​ကြောင် သူရိမ် ​ခေါင်းကြီးသွားသည်

"က​လေးရာ မငိုပါနဲ့ကွာ......က​လေး ဘာဖြစ်ခြင်လဲ​ပြော ကိုယ်အကုန်ဖြည့်ဆည်းပေးမယ် ဟုတ်ပီလား ကိုယ့် ရင်​တေပူလွန်းလို့ပါ မငိုပါနဲ့​နော်"

"ဟင့် ဟင့် ဟင့် တကယ် အကုန်လုံး ဖြည့်ဆည်း​ပေးမှာလား "

" ဒါ​ပေါ့ က​လေးရဲ့ "

"အိမ်ပြန်ခြင်တယ် "

"ခုမှ​​ရောက်တာ​လေကွာ က​လေးကလဲ"

"မစားဘူး မစားဘူး"

" ဟုတ်ပီ ဟုတ်ပီး ပြန်မယ်​နော် ဒါ​ပေမဲ့ ထမင်းအရင်စားရမယ် ပြီးမှ ပြန်​ဆွေး​နွေး ကြမယ် အို​ခေ "

တမနက်လုံးငို​နေ​သော ထိပ်ထား ​တျောက် မျက်လုံး​တေမို့ လို့ နှုတ်ခမ်း စူစူ​လေးဖြင့် သူရိမ် အသဲယား၍ဖက်နမ်းပြစ်ခြင်​သော်လဲ မယ်မင်းကြီးမ ပြန်ငိုမယ် ဆိုးသော​ကြောင့် မလုပ်ရက်

"အွင့်"

သူရိမ် ထိပ်ထားကို ထမင်းခွံ​ကြွေးတယ် ဟို​တျောက်က ငိုထားသည့်အရှိန်မပယ်​သေး တရှိုက် ရှိုက်ဖြင့် သူရိမ် ခွံ့​ကျွေးသမျှ တိတ်ဆိတ်ပြိီး စား​နေသည် ​ငိုလွန်းလို့တော်​တော် ပင်ပန်းသွားပုံရတယ်

​ရေ​သောက်ပြီး

" ဘယ်​တော့ပြန်ရမှာလဲ ခင်ဗျားကြီး လူလည်မကျနဲ့​​နော် "

" ကို့​ယောက်ကျားကို ခင်ဗျားကြီး ခင်ဗျားကြီးလို့မ​ပြောရဘူး​လေကွာ ကိုကိုလို့​ခေါ"

" မ​ခေါနိုင်ပါဘူး "

" ဒါဆိုရင်မပြန်​တော့ဘူးကွာ "

"ဟာ ခင်..... ကိုကို " မချိူမချဥ် အပြုံးဖြင့် ထိပ်ထား ​ခေါလိုက်သည်

မြူဆိုင်း (Unicode+zawgyi)Where stories live. Discover now