"ကလေး......တံခါးဖွင့်အုံး.........တနေကုန်ဘာမှမစားရသေးဘူးမို့လား ..........ထွက်ခဲ့ပါကွာ.......လိမ္မာတယ်နော် ........"
"..........."
"Bae.....please!"
" ............"
" မစားဘူး.....ဘားမစားခြင်ဘူး"
" ကလေး ရာ.......ကိုယ် မချော့တတ်တာသိရက်နဲ့ကွာ ...... စိတ်မကောက်ပါနဲ့တော့နော်.......လိမ္မာပါကွာ..."
"............"
" ဟူးးး......."
နေမင်း သက်ပြင်းရှည်ကြီးချကာ အခန်းတံခါးကိုမှီရင်း ငုတ်တုတ်ထိုင်ချလိုက်ပြီး ဂျယ်ဖြင့်ပုံသွင်းထားသာဆံသားများ အနည်းငယ်ပြိုဆင်းနေသည်ကို ဖိသပ်လိုက်ကာ အိပ်ကပ်ထဲမှ စီကရစ်တလိပ်ထုတ်ယူပြီ အနည်းငယ် အညိုရောင်သန်းနေသော နှုတ်ခမ်းသားနှစ်ခုကြားတွင် ဖိထိန်းထားပြီး မီးညှိကာ တရှိုက်ဖွာထုတ်လိုက်ရင်း
" ကလေး ကိုယ် ပုံပြင်တစ်ပုဒ်ပြောပြမယ်နော် သေချာနားထောင် ဟိုးရှေးရှေးတုန်းက ရွာငယ်လေးတရွာမှာ သိပ်သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုရှိသတဲ့ အိမ်ထောင်ဦးစီးဖြစ်တဲ့ယောက်ကျားက မိန်းမကို သိပ်ချစ်သလို သူ့တဦးတည်းသော သားလေးအပေါ်မှာလဲ သိပ်အချစ်ပိုသတဲ့......တနေ့တော့ သူတို့မိသားစုအပေါ် ကံကြမ္မာရက်စက်မှုကြောင့် အိမ်ထောင်ဦးစီးသေဆုံးသွားပြီးနောက် မိန်းမဖြစ်သူက ဆင်းရဲဒဏ် မခံစားနိုင်တာကြောင့် မြို့တက်အလုပ်လုပ်ရင်း သားငယ်ကိုကျောင်းထားပေးခဲ့တယ်
သားငယ်က မိခင်ကိုအားကိုးယုံကြည်ပြီး သိပ်ချစ်တာ ဟက်!!!.... ဒါပေမဲ့မကြာခင်မှာပဲ မိခင်ဖြစ်သူက သူဌေးသား ကြင်ဖော်အသစ်ရှာတွေ့တော့ သားဖြစ်သူက သူမ ရှေ့ရေးအတွက် ဆူးညှောင့်ခလုတ်ဖြစ်လာခဲ့တယ် မိခင်က သားဖြစ်သူ လက်ကိုဆွဲပြီး မိဘမဲ့ဂေဟာမှာ ထားခဲ့တယ် သူမနောက်ဆုံးပြောသွားတဲ့စကားက " ငါလဲ အသက်ရှင်ဖို့လိုအပ်တယ်.......နင်ကငယ်သေးတော့ နင့် ဘဝ နင်ဘာသာ ရှောက်လှမ်းဖို့သင်ယူပါ ငါ့ အတွက်ငဲ့ပြီး မတွယ်ကပ်ပါနဲ့ ငါ ဆင်းဆင်းရဲရဲ မနေနိုင်ဘူး အဲ့ဒီလူကို မေမေလိုအပ်တယ်" တဲ့ အဲ့ဒီစကားလုံးကြောင့် ငိုယိုနေတဲ့ ချာတိတ်ကလေးက တိတ်ဆိတ်သွားပြီး မိခင်ဖြစ်သူ လက်ကို လွှတ်လိုက်သတဲ့