37 (u/z)

1.3K 33 6
                                    

"ခတ်မာ ညည်း​ပြော​တော့ ငါ့သားက လိုလိုလားလားကြီးကို လက်ခံမှာပါဆိုပြီး အာမခံလိုက်တဲ့စကား ဘယ့်နှယ် အခု​တော့နှင်ထုတ်ခံရရုံအဖက်တင်တယ် ရှက်ဖို့​ကောင်းလိုက်တာ "

" အန်တီ မာဂရက်ရာယ် ​မောင်က​လေ ​​ အမာ.....အရင်ကသိခဲ့တဲ့​မောင်ထက်အများကြီး​ပြောင်းလဲသွားတယ် အရင်ကဆို ​မောင်က အမာ ထားရာ​နေ​စေရာသွားပါ အမာ ဒါဆိုဒါပဲ အသ​လောက်ထိ အမာ့အ​ပေါ် တမ်းတမ်းစွဲခဲ့တဲ့​မောင်က ဘာမဟုတ်တဲ့ က​လေးမ​ကြောင့် အမာ့ကို နှင်ထုတ်တယ် ​မောင့်အ​ပေါ် အမာ ကျူးလွန်မိတဲ့အမှား​ကြောင့် ​မောင်က ခွင့် မလွှတ်နိုင်​သေးတာ​ အမာ သိတယ် ​မောင် ခွင့်လွှတ်​ပေးနိုင်​အောင်လဲ အမာပြန်ကြိုးစားမယ် ​မောင့် ​လောက် ဘယ်​ယောက်ကျားမှ အမာ့ အ​ပေါ်မ​ကောင်းဘူးမရိုးသားကြဘူး.......​​အမာ ​မောင့်ကိုရ​အောင်ပြန်ယူမယ် .......​မောင်က ခတ်မာဆိုတဲ့ မိန်းမနဲ့ပဲပိုလိုက်ဖက်တယ် ပိုထိုက်တန်တယ် "

ဓါတ်​လှေကားထဲတွင် အ​ချေတင်ဖြစ်​နေကြကာ ကွန်ဖီဒန့်အပြည့်ရှိလှတဲ့ ခတ်မာ စကား​ကြောင့် ​ဒေါ်မာဂရက် မဲ့ရွဲ့သွားပြီး

"ညည်းနဲ့ ငါ့သားအစဥ်​ပြေရင် ညည်းပိုင်ဆိုင်မှုတဝတ်​ပေးမယ်ဆိုတဲ့စကား ကိုမ​မေ့နဲ့ ခတ်မာ"

"အိုး.....မ​မေ့ပါဘူး ခတ်မာနဲ့အမျိုးတော်စပ်မဲ့သူကို လိမ်ညာပါ့မလား "

"အဟွင်း....အကူညီလိုရင်​ဖုန်းဆက်လိုက်"

"ဟုတ်ကဲ့......"

​မြွေ​မြွေခြင်း​ခြေမြင်ဆိုသလိုပင် ခတ်မာရဲ့ အလိုကြီးတဲ့ သ​ဘောကိုမြင်ပြီး​နောက် ​ဒေါ်မာဂရက်ရဲ့ မတရား​လောဘ ​တေကိုလဲ ခတ်မာအကျိုးရှိရှိ အသုံးချ​လေသည်

....................................

"​ဒေါက်......​ဒေါက်......​ဒေါက်......"

"ဝင်ခဲ့"

ဦး ထိပ်ထားနှင့်တူတူမအိပ်သည်မှာ တပတ်တိတိပင်ပြည့်​လေသည် စာဖတ်ခန်းထဲတွင် အလုပ်​တေဖိလုပ်​နေရင်း ထမင်းလဲ ပုံမှန်မစား အရက်​သောက်လိုက် အလုပ်ပြန်လုပ်လိုက်ဖြင့် ဆိုဖာ​ပေါ်၌ပင် အိပ်​ပျော်သွားသည် ထိပ်ထားဝင်လာသည်ကိုလဲ အာရုံမစိုက်ပဲ အလုပ်သာဖိလုပ်​နေသည့် ဦး​.....နောက်​ကျောကို အသာယာ နှိပ်နယ်​​ပေးပြီး စ ​ချော့​ရန်ကြံရွယ်​နေ၏

မြူဆိုင်း (Unicode+zawgyi)Where stories live. Discover now