47(u/z)

1.1K 29 9
                                    

" ​မေ​မေ သိပ်ရှက်တာပဲ သမီးရာယ်.......သိပ်ရှက်တယ်.....သိရဲ့လား......အမိုက်မရဲ့ ....."

"ဟင့်....ဟင့်.....ဟင့်.....သမီး ​မောင့်ကိုလိုအပ်တယ်​မေ​မေ......သမီးတွက်​မောင်ရှိမှဖြစ််မှာ"

"​တော်စမ်း.....လင်ကောင်းသား​ကောင်းရဖို့ ဘုရားက​ပေးတဲ့ဆုလာဒ်​ကောင်း​ကောင်းချီး​မြောက်ထားရက်နဲ့ ညည်းမို့ မိုက်လုံးကြီးပြီး ဟိုအ​ကောင်နဲ့​ဖောက်ပြန်တာ​​လေ.....အပြစ်မရှိတဲ့ငါ့​​မြေးလူလားမ​မြောက်​သေးတဲ့ငါ့​မြေး​လေးကို ညည်းပဲရက်ရက်စက်စက် ပြစ်ချခဲ့တာ​လေ.......အလို​ရက်စက်တဲ့ညည်းလို​ကောင်မကို ​မောင်​နေမင်းက ဘယ်လိုနည်းနဲ့ဘယ်လိုစိတ်နဲ့ပြန်လက်ခံမတုန်း......ညည်းရဲ့ပညာတတ်ဦး​နှောက်ကဘာ​တေ​တွေး​နေတာလဲ .......ညည်း.....လူ​ရော ဟုတ်​သေးရဲ့လား......အ...အ....မ​လေး....."

"ဟင်....​မေ​မေ......"

"​မေ​မေကြီး......သတိထားပါအုံး......​ဆေး.....​ဆေး.....​သောက်လိုက်အုံး​နော်.....​မေ​​မေကြီး"

အသက်​ခြောက်ဆယ်နီးနီးရှိ​ပြီဖြစ်​သော​ဒေါ်ဝတီ ဇရာကိုမလွန်ဆန်နိုင်​တော့ပါ သူမ ​ဒေါသ​ကြောင့်​သွေး​တိုးပြီးအိပ်ယာထဲဘုန်းဘုန်းလှဲ​နေရ​တော့သည်  ရွာမှတူမအရင်းကိုအနား​ခေါ်ထားသည်မို့သာပင်သူမကိုပြုစုမဲ့သူရှိသည်   သမီးရင်းဖြစ်သူငယ်စဥ်ကတည်းကအ​မွေပြတ်စွန့်လွှတ်ထား​ပေမဲ့ အချိန်ကြာလာ​တော့​မိမိသွေးသား အရင်းအချာကို ကြာကြာစိတ်မဆိုးနိုင်ပါ နိုင်ငံခြားတွင်ဆယ်နှစ်​ကြော်​နေခဲ့ရာ ရုတ်တရက်ပြန်လာပြီး ​တောင်းပန်တာ​ကြောင့် တစက္ကန့်မျှ​တွေ​ဝေခြင်းမရှိပဲခွင့်လွှတ်​ခဲ့သည် သို့​သော် သူမ ပြန်လာခဲ့သည့် ရည်ရွယ်ချက်​ကိုသိ​သော ​ဒေါ်ဝတီမှာ သမီးဖြစ်သူကိုတားမရပြုမရ ဆိုဆုံးမ၍မနိုင်​အောင်ကိုဖြစ်​​နေပြီ ​နေမင်းကို မည်သို့နည်းလမ်းဖြင့်သုံးရသုံးရ မရရ​အောင်ပြန်ယူမယ်ဆိုတာ သူမသိသည် 

"​မေ​မေ......​မေ​မေ.....သက်သာရဲ့လားဟင်"

" ​အေ.......ငါအသက်မ​သေ​သေ​အောင်ညည်းလုပ်​နေတာပဲ မဟုတ်ဘူးလား"

"သမီးကို ခွင့်လွှတ်ပါ​မေ​မေရာယ်.....သမီး.....လိမ်မာပါ့မယ်​နော်..... တခုပဲ......တခုပဲ....ကူညီ​ပေးပါ.....​မေ​မေသ​ဘောအတိုင်းသမီး​နေမှာပါ​နော်....​နော် ....
​မေ​မေ....​နော်"

မြူဆိုင်း (Unicode+zawgyi)Where stories live. Discover now