Ant-2

420 95 22
                                    

<unicode>

ဂျောင်ဆူးပေါင်ပေါ် အကျအနထိုင်ရင်း ဂျောင်းဆူးခေါင်းသုတ်ပေးနေတာကို အကျအနဇိမ်ယူနေတဲ့ ဂျုံအင်းပိစိလေးအား ဆူဟိုမှာ မျက်စောင်းခဲနေပြီဖြစ်သည်။

သူ့မှာတော့ တူလေးမို့ ချစ်လွန်းလို့ ပွေ့ရင်၊ဖက်ရင်တောင် တွန်းထိုးရုန်းကန်နေတာ အခုမှမြင်ဖူးတဲ့ ဂျောင်ဆူးကိုကြ သံလိုက်ဓာတ်ပါနေသည့်အလား တစ်ခါတည်းနဲ့ကို ပြေးကပ်သွားတာများ တုတ်နဲ့ကော်ထုတ်တောင် ကွာကျမယ့်ပုံမမြင်ဘူး။

" သည်းသည်းလေးက သားကိုချစ်လား? "

" ဟင်? "

" သားက သည်းသည်းလေးကို အရမ်းချစ်တာ ''

ဆူဟို - ရိုးရိုးတောင်မဟုတ်ဘူး။ အရမ်းချစ်တာဆိုပဲ။ ဒါလားကလေး။

ကုတင်ပေါ်က ဆူဟိုမှာတော့ မကျေနပ်ချက်တွေ ပေါက်ကွဲနေသလောက် တူတော်မောင်ကတော့ ဂျောင်ဆူးနဲ့ လေပေးဖြောင့်နေလေ၏။

" ဟင်လို့...သားကိုချစ်လား? "

" ဘယ်လိုပြောရမလဲ။ ဟျောင်းက ကလေးတွေနဲ့ မနေဖူးတော့ ကလေးမချစ်တတ်ဘူး။ ဒါပေမယ့် ဂျုံအင်းနီကတော့ ချစ်မွှေးလေး ''

ဂျောင်ဆူးက တကယ်ကို ကလေးမချစ်တတ်တာ။ အိမ်မှာအငယ်မရှိတာကြောင့်လည်းဖြစ်မည်။ ငယ်ငယ်ကတည်းက ကလေးပိစိလေးတွေနဲ့ မနေဖူးတာကြောင့် ကလေးသေးသေးလေးတွေနဲ့ သူကစိမ်းစိမ်းနေတတ်သည်။ ဘာလို့မှန်းမသိ ကလေးမြင်ရင် ဝေးဝေးရှောင်သည်။ ကလေးဆို ရပ်ကွက်ထဲ ဘောလုံးကန်နေကြ ကလေးတစ်သိုက်ကလွဲရင်ပေါ့။

" သည်းသည်းလေး ကလေးမချစ်တတ်လည်းရတယ်။ သား လူကြီးဖြစ်လာရင် သည်းသည်းလေးကချစ်နော် ''

ဒီတစ်ခါတော့ မအောင့်အီးနိုင်တော့ ဂျောင်ဆူးမှာ ဟက်ဟက်ပက်ပက်ကို အော်ရယ်မိပြီ။ ဒီကလေးလေးက တကယ့်အတတ်လေးပါဆို။

" မင်းကတကယ်ကို အတတ်ကလေးပါလား ဂျုံအင်းနီရာ ''

အသဲပုံနဲ့ တူတယ်လို့ အပြောခံရတဲ့ နှခမ်းလေးက ရယ်လိုက်ချိန်မှာတော့ ပို၍ပင် အသဲပုံဆန်ဆန် ပီပြင်လာလေ၏။

Ant(ပုရွက်ဆိတ်)Where stories live. Discover now