Ant-4

375 82 10
                                    

<unicode>

မက်မွန်းသီးထည့်ထားတဲ့ အိတ်ကလေးကို ရင်ခွင်ပိုက်ရင်း ခေါင်းမော့ရင်ကော့လို့ လူကြီးစတိုင်လ် လျှောက်နေတဲ့ တူဖြစ်သူမှာ ကလေးတွေကြား ယှဉ်ရင်တောင် ရင့်ကျက်နေတဲ့ပုံစံမျိုး။

ကိုယ့်တူအကြောင်း ကိုယ်သိသည်မို့။ အနေအေးကာ သူစိမ်းတွေနဲ့ ခပ်တန်းတန်းနေတတ်တဲ့ ဤကလေးက ဂျောင်ဆူးကို အတော်ကြီး ခင်နေပုံထောက်ရင် သူ့သူငယ်ချင်းကို အတည်ကြီး ကြံနေသလားပဲ။

အင်း...ဒါကနည်းနည်းတော့ သဘာဝမကျပေမယ့် တူပိစိက ရွယ်တူလငယ်
သူငယ်ချင်းကို အတည်ကြီးကြံနေတာကို မျက်ဝါးထင်ထင် မြင်နေရတာက တစ်မျိုးကြီးလိုပဲ။

" ဂျုံအင်းနီ ''

" ဗျာ ''

" မင်း...ငါ့သူငယ်ချင်းကို အတည်ကြီး
ကြံနေတာလား? "

သူမေးတော့ ဘေးကနေ လှည့်ကြည့်လညတဲ့ မျက်ဝန်းတောက်တောက်တွေနဲ့ ပိပိရိရိနှခမ်းလေးက တကယ်ကို ရင့်ကျက်မှုအပေါင်း ခညောင်းနေတဲ့ ကလေးလေးလို။

" အတည်ကြံတယ်ဆိုတာ ဘာပြောတာလဲ? "

" ဟိုကွာ...အတည်ကြံတယ်ဆိုတာ ခဏလေးသဘောကျတာမျိုးမဟုတ်ဘဲ အမြဲတမ်းသဘောကျတာမျိုးကို ပြောတာကွာ ''

ဆူဟိုကခေါင်းကုတ်တာဖြေတော့ တူတော်မောင်ရဲ့ ပိပိရိရိနှခမ်းလေးက ပြုံးယောင်သန်းလာလေ၏။

ဒီကောင် ငါ့သူငယ်ချင်းကို တကယ်ပဲအတည်ကြီးလားဟေ ? ! ! !

" ဟုတ်တယ်။ အတည်အတည်။ သားကသည်းသည်းလေးကို အတည်ကြံတာ။ သားကြီးလာရင် သည်းသည်းလေးကို လာယူမှာ။ သည်းသည်းလေးက သားတစ်ယောက်တည်းအပိုင် ''

" ဪ ''

ဆူဟိုမှာ ဤတစ်လုံးသာ ရေရွတ်နိုင်ပေတော့သည်။

အသက်ကြီးသော်လည်း သူ့မှာတော့ ၈နှစ်သားကလေးလို တော်ကီမကြွယ်၍ မူးလို့ပင် တွဲစရာမရှိပါလေတကား။

" လေးလေးပြောကြည့်။ သည်းသည်းလေးကရော သားကိုယူမှာလားဟင် ''

" ဟ! ဘာတွေလာမေးတာတုန်း! ကလေးက ကလေးစကား မပြောဘူး! မင်းကိုဂျောင်ဆူးက ယူ,မယူ ငါဘယ်သိမှာလဲ? ငါလည်းသူ့စိတ်ထဲ ဝင်ကြည့်လို့ရတာမှ မဟုတ်တာ ''

Ant(ပုရွက်ဆိတ်)Where stories live. Discover now