<unicode>
အဲ့ဒီနေ့ကစပြီး ဂင်မ်ဂျုံအင်းဆိုသော ကလေးပိစိမှာ ဂျောင်ဆူးအိမ်သို့ ရောက်မလာလေတော့။ ၃ရက်အကြာမှာတော့ သူ့မိဘတွေလာခေါ်လို့ ပြန်လိုက်သွားပြီဆိုသော အကြောင်းကိုသာ မေမေကနေတဆင့် သိလိုက်ရ၏။
ဒါလည်းကောင်းပါတယ် ဂျောင်ဆူးအတွက် တစ်ရန်အေးသွားတာပေါ့။
ဆူဟိုဟျောင်းကလည်း သူ့တူကိုငိုအောင် လုပ်ရပါ့မလားဆိုပြီး အရင်ကလို ဂျောင်ဆူးအိမ် လာလည်တာမျိုးမရှိတော့။ အပြင်မှာများ တစ်ခါတလေဆုံမိရင် မသိတဲ့လူတွေလို မမြင်ချင်ယောင်ဆောင်ပြီး သူ့ရှေ့ကနေ ကော့တော့ကော့တော့နဲ့ ထွက်သွားတတ်သေးတာ။
ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန် သူနဲ့ဆူဟိုက အတန်းမတူကြတာကြောင့် အရင်ကလိုမတွေ့မိကြပေမယ့် ကျောင်းကန်တင်းမှာ တွေ့မိတဲ့အခါမျိုးဆို ဂျောင်ဆူးကအရင် နှုတ်ဆက်ရင်တောင် ချေမိုးနေတဲ့ မျက်နှာကြီးနဲ့ ''ငါ့တူကိုငိုအောင်လုပ်ထားတာ မင်းပြန်ပေးဆပ်ရမယ်'' ဆိုပြီး ဒရမ်မာဆန်ဆန် ပေါတောတောစကားတွေက ပြောတတ်သေးတာ။
ဒီလိုနဲ့ပဲ သူတင်းလျှင် ကိုယ်မလျှော့ ဆိုတဲ့စကားနဲ့အညီ နောက်ပိုင်းတော့ ဂျောင်ဆူးသည်လည်း ဆူဟိုကို ဘယ်မှာတွေ့တွေ့ သွားနှုတ်ဆက်လေ့မရှိတော့။
ဘယ်ရှုထောင့်ကကြည့်ကြည့် ဂျောင်ဆူးဘက်က ခံဘက်ချည်းပဲကို မသိရင်ဂျောင်ဆူးကပဲ အသက်မပြည့်သေးတဲ့ သူ့တူကို မတော်မတရားကြံစည်ထားသလိုလို။ သူ့သူငယ်ချင်းတစ်ယောက်လုံး သူ့တူလက်ထဲမှာ လုံးပါးပါးရမှာတော့ မသိချင်ယောင် ဆောင်ထားပြီးတော့များ။
တစ်ဖြည်းဖြည်းနဲ့ လကနေနှစ်ပိုင်းသို့ ကူးပြောင်းလာသည်မှာ ၁၂ပင်ရှိခဲ့ပြီ။ အသက်ကြီးရင် မိန်းမယူမည်ဟု အာချောင်ထားသော ဂျောင်ဆူးပင် လူပျိုဘဝဖြင့် အပူမရှာဘဲ ဖြတ်သန်းလာသည်မှာ ကျောင်းပြီး၊ ဘွဲ့ရ၊ ယခုအစိုးရအလုပ်ကို ဝင်သည်အထိ။
အပူမရှာချင်၍ ရည်စားတောင်မထားဘဲ အသက်ကြီးရင် သာသနာ့ဘောင်ဝင်မည်ဟု ကြုံးဝါးထားသမျှ တစ်နေ့မှာတော့ ဂျောင်ဆူးဆီသို့ အပူတွေက ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို ရောက်လာခဲ့ပြီ၏။
YOU ARE READING
Ant(ပုရွက်ဆိတ်)