Ant-3

378 93 13
                                    

<unicode>

အိတ်တစ်လုံး လက်မှာချိတ်ပြီး မက်မွန်သီးပင်ရှိရာကို ခိုးကြောင်ခိုးဝှက် ရောက်လာခဲ့သူက ဆူဟိုရယ်ပါ။

အမေဖြစ်သူ ဟင်းချက်နေချိန် မအားတာကိုရွေးပြီး လစ်ထွက်ခဲ့တာ။ ဖေဖေကတော့ အလုပ်သွားပြီဆိုတော့ ပူစရာမလို။ ဂျုံအင်းနီကလည်း ငြိမ်နေပုံထောက်ရင် မေမေတို့အခန်းထဲ အိပ်နေသည်ထင်။

ခြံထဲက လုံးအိရွှမ်းမှည့်နေတဲ့ မက်မွန်သီးတွေကို ကြံနေတာ ကြာလှပြီ။ ဒီနေ့မှပဲ ဂွင်ကောင်းကောင်း မိတော့သည်မဟုတ်ပါလော။

ဟိုးတစ်နေ့က အပင်ပေါ်ခိုးတက်ပြီး တင်ပါးကို သစ်ကိုင်းထိုးမိကတည်းက အမေဖြစ်သူမှာ ဆူဟိုခြံထဲဆင်းရင်ကို မျက်စိဒေါက်ထောက် ကြည့်နေတတ်သူဖြစ်ရကာ သူ့မှာလည်း အသီးခိုးစားခွင့် မရပါချေ။

အခုလို အခွင့်အရေး ရတဲ့အချိန် များများခူးထားပြီး အခန်းထဲထည့်ဖွက်ထားလိုက်ရင်တော့ အိုကေပဲ။

ကြည်နူးစိတ်ကလေးနဲ့ ပီတိဖြာကာ ခြေထောက်နဲ့ မြေကြီးတောင် မထိတော့သယောင် မြှောက်ကြွမြှောက်ကြွ လျှောက်လာရင်းမှ မက်မွန်သီးပင်အောက်မှာ အကျအနထိုင်ပြီး ပန်းချီဆွဲနေတဲ့ တူတော်မောင်က ငုပ်တုတ်။

စူပါမင်းအင်္ကျီနဲ့ နှဖူးပေါ်က ဆံပင်တွေကိုစုပြီး ကြက်တောင်စည်းလေးက ချည်ထားသေး၏။ ခေါင်ငုံ့ကာ ပုံဆွံနေရင်း ကြက်တောင်စီးလေးကလည်း ဟိုသည်လှုပ်ယမ်းနေလေ၏။

" ဂျုံအင်းနီက အိပ်နေတာမဟုတ်ဘူးလား? "

ဂင်မ်ဂျုံအင်းလေ တစ်ခြားကလေးမှ မဟုတ်တာ။ ဉီးလေးဘယ်ခြေလှမ်း လှမ်းနေတယ်ဆိုတာကို ကွက်ကျော်မြင်ပြီးသား။

" အသီးလာခိုးတာလား လေးလေး? "

" လာခိုးတာမဟုတ်ပါဘူး မင်းကလဲ လာခူးတာပါ ''

ဂျုံအင်းပိစိလေးက မယုံဘူးဆိုသည့်သဘောဖြင့် မျက်ဆံလှန်ကာ ကြည့်နေလေ၏။ သူ့ဉီးလေးကသာ အပင်ပေါ်စတက်ပြီဆိုရင် အဘွားဖြစ်သူကို သွားတိုင်ဖို့ အသင့်နေရာယူထားသလိုပင်။

ဆူဟိုတို့လည်တယ်ဆိုတာ ၈နှစ်သား ဂင်မ်ဂျုံအင်းတို့ အိပ်နေသလောက်သာရှိမှန်း သိသည်မို့ သူများကလေးပိစိတွေလို သူ့တူကို တစ်ပတ်ရိုက်လို့မရချေ။

Ant(ပုရွက်ဆိတ်)Where stories live. Discover now