Ant-5

378 89 4
                                    

<unicode>

ရှေ့တစ်လမ်းကျော်မှာရှိတဲ့ ဂျောင်ဆူးတို့အိမ်လေးက တစ်ထပ်တိုက်အိမ် အပုကလေးသာဖြစ်၏။ ပန်းပင်စိုက်တာ ဝါသနာပါလှတဲ့ ဂျောင်ဆူးအမေကြောင့် ခြံဝန်းလေးထဲမှာ ပန်းပင်ကလေးတွေလည်းရှိ၏။

လူခေါ်ဘဲလ်ကို နှိပ်လိုက်သည့်အချိန်မှာတော့ ဂျောင်ဆူးအမေက apronဝတ်နဲ့ထွက်လာသည်မှာ သူ့ကိုမြင်တော့ ပြုံးပြလေ၏။ သားအမိလို့မပြောရဘူး။ အပြုံးတွေက ဆင်တင်တင်နဲ့။

" ဆူဟိုလေးပဲ။ ဝင်ခဲ့လေ..လာလာ။ ဂျောင်ဆူးဆီလာတာလား? "

" ဟုတ်တယ်ဒေါ်လေးရ။ ဂျောင်ဆူးကြိုက်တဲ့ မက်မွန်သီးတွေ လာပေးရင်းနဲ့ အလည်လာကြတာ ''

ဆူဟိုနဲ့စကားပြောနေရင်း သူမကိုစူးစိုက်ကြည့်နေတဲ့ ပါးဖောင်းဖောင်း၊ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကလေးလေးကိုမြင်တဲ့အခါ ကလေးချစ်တတ်သူပီပီ သူမမျက်ဝန်းတွေက အရောင်တောက်ပလာခဲ့၏။

" ဆူဟိုရေ ဒီကလေးလေးက ဘယ်သူလဲ? "

" ကျွန်တော့်....''

ဆူဟိုဖြေမလို့ ပါးစပ်ဟလိုက်သည်နှင့် ဂျုံအင်းနီ၏ လျှပ်တစ်ပြတ် အသံလေးက ဝင်ရောက်လာ၏။

" မင်္ဂလာပါခဗျ။ သားသားနာမည် ဂင်မ်ဂျုံအင်းလို့ ခေါ်ပါတယ်။ ရင်းနှီးတဲ့သူတွေကတော့ ဂျုံအင်းနီလို့ခေါ်ကြတယ်။ ဆူဟိုဟျောင်းရဲ့ တူလေးပါဗျ။ ကျောင်းပိတ်တုန်း အလည်လာတာပါ မေမေ ''

" အမလေး! ဆူဟိုရယ်! နင့်တူကအတတ်ကလေးပဲ! ငါ့ကိုမေမေတဲ့! "

ဂျောင်ဆူးအမေက ဂျုံအင်းနီလေးကို အသည်းယားစွာဖြင့် ပါးဖောင်းဖောင်းလေးကို မထိရက်မကိုင်ရက် တို့်ထိတို့ထိ လုပ်နေတာကို ဂျုံအင်းကလည်း သဘောတကျနဲ့ သွားဖြဲကာရယ်နေသည်အထိ။

သူစိမ်းနဲ့ဆို တော်ရုံမရင်းနှီးတတ်သည့် ဤကလေးက ဂျောင်ဆူးအမေနဲ့ မြင်မြင်ခြင်း ရင်းနှီးသွားသည်ကြောင့် ဆူဟိုတောင် အံ့ဩမဆုံး ဖြစ်မိသည်အထိပင်။

" မေမေကလည်း ဂျောင်ဆူးအပြင် ကလေးတစ်ယောက် ထပ်ယူချင်သေးတာ။ ဒါပေမယ့်လည်း ကျမ်းမာရေးအခြေအနေကြောင့် နောက်ထပ်ကလေးယူလို့မရ ဖြစ်သွားတာနဲ့ ဂျောင်ဆူးက တစ်ဉီးတည်းသောသား ဖြစ်သွားတော့တာပဲ ''

Ant(ပုရွက်ဆိတ်)Where stories live. Discover now