part 6
9.7K 722 24
နေ့လည်ရောက်တော့ ဘရဏီတစ်ယောက်
ယောကူး ဆိုင်ကိုရောက်လာသည်။
"ယောကူး!ချင်းဂူး အသဲလေးရေ ငါလာပြီး!"
ဆိုင်ကလူတွေကတော့နေ့စဉ်ကြားနေကြ
ဖြစ်တာကြောင့် ဂရုမစိုက်တော့ပေ။
"ငါ့ဆိုင်မှာအားပြဲနဲ့အော်မနေ နဲ့ဧည့်သည်တွေလန့်ပြေးကုန်မယ် "
"ဟွန့်..သွားကြမယ်လေ နင့်ကားနဲ့သွားမယ်
ငါ့ကားဆီကုန်နေလို့"
"ဂုန်းဆင်းမ နင့်အကြောင်းငါမသိရင်ခက်မယ်
အလှူအိမ်ကတောင်ချိုင့်ဆွဲတာမလား"
"ရှူးး..ဒါချွေတာ တာလို့ခေါ်တယ် "
"ဘောစိမက ချွေတာနေလိုက်"
ယောကူးတို့ နှစ်ယောက် လေယာဉ်ကွင်း
သို့ထွက်လာခဲသည်။သူတို့ရောက်ပြီး မကြာဘူး
လေယာဉ်တိုက်တာကြောင့် လူစောင့်နေတုန်း
ဘရဏီ အသံဟာ ဟိန်းကနဲထွက်လာသည်။
"အိုပါး!! "
အော်လဲအော် လူတစ်ယောက်စီပြေးကာဖက်
လိုက်သည်။
"အမလေး မိဘရဏီ ဖြေးဖြေးလာလဲရတယ် "
"ကိုကို ပင်ပန်းနေပြီးလား ပြန်ကြမယ် "
"ဘယ်သူနဲ့လာလဲ "
"ဟိုမှာလေ သူငယ်ချင်းကိုခေါ်လာတယ် လာ
မိတ်ဆက်ပေးမယ် "
ဘရဏီဆွဲခေါ်ရာပါလာပြီး ကောင်လေးရှေ့
အရောက်ကောင်လေးသူ့အားပြုံးပြလာသည်။
"ကိုကို ဒါ ညီမလေးသူငယ်ချင်း ယောကူးငယ်
တဲ့ ဟဲ့ဒါငါ့အစ်ကို ချစ်သောမောင်တဲ့"
"ကိုယ် ချစ်သောမောင်ပါငယ် "
"အာ..ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ် "
ယောကူး သူ့ရှေ့ကလူကသူ့အားပြုံးကာ
ကြည့်ပြီးလက်မလွတ်သေးတာကြောင့်နေရခက်
လာသည်။
"အဟမ်း..အဟွတ် "
ဘေးကအတွင်းရေးမှူးချောင်းဟန့်မှ လက်ကို
လွှတ်ပေးလာသည်။ယောကူးကဘဲနေရခက်စွာ
"သွားကြရအောင်လေ "
ယောကူးရှေ့ကနေထွက်သွားမှ ဘရဏီက
"ကိုကို...ငမ်းမနေ နဲ့ သူကအိမ်ထောင်သည်"
"ဘယ်လို"