အမှတ်တမဲ့ တွေ့ဆုံမှု

625 67 6
                                    

= REUNION =

Unicode

by (hee-fei)

" လူရှာနေတာလား။ ဘယ်သူ့ကိုလည်း ဒီလောက်နှစ်တွေအကြာ
ကြီး အချိန်တွေအကြာကြီးပေးပြီးရှာနေတာဆိုတော့ ဒီလူကမင်းအတွက်တော်တော်အရေးပါသူပဲ့ဖြစ်လောက်မယ်မလား"

" မသိဘူးငါ ငါကိုယ်တိုင်တောင်မသေချာဘူး"

" အေးပါထားလိုက်တော့" သူမေးလိုက်သည့်စကားကြောင့်ထင်ပါရဲ့ ဟီဆွန်း ရဲ့မျက်နှာက ချက်ချင်းမှိုင်ကြသွားတယ်။ တစ်ခါတစ်ရံ သူတစ်ပါးကိစ္စတွေကိုအရမ်းကြီးဝင်မစွပ်ဖက်သင့်ဘူးမလား။ သူစိတ်အခြေအနေအဆင်ပြေသည့်အချိန်ဆိုပြောပြလိမ့်မယ့်ကိုယ့်ကို။ အခုတော့ ထားလိုက်တော့မယ်။

တစ်ဖက်က ဟီဝန်း တို့ သားဖနှစ်ယောက်ကတော့ ညနက်နေပြီအခုချိန်ထိမအိပ်နိုင်သေးဘဲ ပေါက်ပေါက်ဖောက်နေသည့် သူ့သားလေး ။ကိုယ်ကသာမနက်အစောကြီးအိပ်ယာထရလို့ငိုက်နေပြီ အကောင်ပေါက်လေးကတော့အခုထိ စကားပြောလို့ကောင်းတုန်းပင်

" အ့ပါး သားသားခဏကအိပ်ယာပေါ်မတက်ခင်လေ နံဘေးအိမ်က မီးဖွင့်ထားတာ သားသားတွေ့လိုက်တယ် အ့ပါး။ ဘေးအိမ်မျာ လူတွေပြန်လာနေပြီထင်တယ်နော်အ့ပါး"

" ဟုတ်မှာပေါ့ ဝန်းငယ်လေးရဲ့"

" သားသားနဲ့ ရွယ်တူကလေးသေးသေးလေးလည်းရှိရင်ကောင်းမှာပဲ့နော် အ့ပါး"

" ဟင်...."ဝန်းငယ်လေးကဘာလုပ်မလို့လဲ"

" သားသားကအတူတူ ကစားချင်လို့ပါ အ့ပါး"

" ဟ ဟ့....ဟုတ်ပါပြီ ရှိပါစေဗျ"အိပ်ချင်နေတာမရတော့ဘူး သားသားလေးစကားတွေကိုတောင်ကြားတစ်ချက်မကြားတစ်ချက်ပင်။အခုထိမပြီးနိုင်သေးတာပါဗျ။ ဘယ်လိုကိုအရစ်ရှည်လွန်းတဲ့သားလေးကိုမွေးမိထားပါလိမ့်

" အ့ပါး မနက်ဖြန်သားသားကျောင်းပိတ်တယ်နော် ကစားကွင်းလိုက်ပို့ပေးပါလားဟင်"

" သားငယ်လေးသွားချင်ရင် အ့ပါးက လိုက်ပို့ပေးမှာပေါ့ အ့ပါး ဆောင်ဟွန်း အ့ပါးကို ဖုန်းဆက်ပေးထားမယ်ဟုတ်ပြီလား"

"အင်း "

" ကဲ့...သာရိကာလေးရယ် အခုတော့အိပ်ကြရအောင်ကွယ် ညနက်နေပြီ။ အ့ပါးလည်းအိပ်ချင်နေပြီ။ သားသားလည်းအိပ်သင့်နေပြီလေ"

REUNION // HeewonWhere stories live. Discover now