နောက်ဆို ကိုမအော်တော့ဘူးလေနော်သဲငယ်လေး

681 68 31
                                    

= REUNION =

Unicode

By(hee-fei)

"မဟုတ်ဘူးဆိုရင် ဘာလို့ကလေးအဖေနေရာမှာ Lee Heeseung လို့ရေးထားတာလဲ"

"...."

ဘာမှပြန်မပြောဘဲ ငိုပဲ့ငိုနေသည့်ဂျောင်ဝန်းကိုကြည့်ပြီး ဟီဆွန်း တစ်ယောက်စိတ်မရှည်ချင်တော့ပါ။စိတ်တိုနေတာနဲ့ တစ်ခုခုလုပ်မိတော့မယ်။

" ဖြေလေ ဂျောင်ဝန်း"

" မသိဘူး မဖြေဘူး ဟင့်..."

ဂျောင်ဝန်းဒီတစ်ခွန်းသာ အော်ပြောခဲ့ပြီး ထိုနေရာကပြေးထွက်လာခဲ့တော့သည်။ ဆက်ရပ်နေပြီး ထိုသူ၏စကားများကိုနားထောင်ဖို့ အားမဂှိတော့ဘူး။

ဆောင်ဟွန်း ကတကယ်ကိုခိုးနားထောင်ချင်လို့လိုက်လာတာမဟုတ်ပါဘူး။ သူ့သူငယ်ချင်းကိုရုတ်တရက်ဆွဲခေါ်သွားတော့စိတ်ပူပြီး အနောက်ကနေပြေးလိုက်လာခဲ့တာ။ ပြသာနာအစအဆုံးကို ဆောင်ဟွန်း မြင်ပြီးနောက် အံသြလွန်းလို့ ထိုနေရာမှာတင်ရပ်နေမိတယ်။

ပြေးထွက်လာသည့်ဂျောင်ဝန်းကသူ့ကိုမြင်တော့

" ဟို..ဂျောင်ဝန်း ငါတမင်ရည်ရွယ်ပြီးခိုစနာစထောင်တာမဟုတ်ပါဘူး.ဟို မင်းကိုစိတ်ပူ.."

" သွားမယ်ဆောင်ဟွန်း"

" အင်း ပြန်မယ်"

ဟီဆွန်း တစ်ယောင်ကတော့ ထိုနေရာ၌ပင် မလှုပ်မယှက်ရပ်နေမိတယ်။

ဆောင်ဟွန်း အိမ်ကိုသာပြန်ခေါ်လာခဲ့လိုက်တော့တယ်။တစ်လမ်းလုံးလည်း အငိုမတိတ်။ ဒီပုံအတိုင်းသာတက်ငိုနေရင် ဒီကောင် အားနည်းတော့မယ်။

အိမ်ကိုသာအမြန်မောင်းလာခဲ့လိုက်တော့တယ်။

" ဆောင်ဟွန်း ငါဘာလုပ်သင့်လဲ ငါဘာလုပ်ရမလဲဆိုတာ တကယ္မသိဘူး"

" စိတ်ကိုအရင်လျှော့ချလိုက်ဂျောင်ဝန်း စိတ်အေးအေးထားရင် အဖြေပေါ်လာမှာပါ"

" ဆောင်ဟွန်း နင်သိလား ငါလေ ငါ ဟုတ်တယ်လို့ပြောလိုက်ချင်တယ်။ ဒါပေမယ့်ပါးစပ်ကပြောလို့မထွက်ဘူး။.ဘာတွေတုံဆိုင်းနေမိသလဲမသိဘူး"

REUNION // HeewonWhere stories live. Discover now