ဒါ ဘာစကားလဲ အီဟီဆွန်း.... ?

611 50 12
                                    

=Reunion= by (hee-fei)

" အ့ပါး သားသားဒို့ ဘာလို့ အိမ်နဲ့ အဝေးကြီးကို လာရတာလဲ။ သားသား ဒီလေယာဥ်ပျံ ကြီး စီးရတာ ကြိုက်ဘူး အရမ်းညောင်းနေပီ သားသား "

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" အ့ပါး သားသားဒို့ ဘာလို့ အိမ်နဲ့ အဝေးကြီးကို လာရတာလဲ။ သားသား ဒီလေယာဥ်ပျံ ကြီး စီးရတာ ကြိုက်ဘူး အရမ်းညောင်းနေပီ သားသား "

" ဟင်...သား ပြောတော့ ဒယ်ဒီနဲ့တွေ့ချင်တယ်ဆို "

" ဒါဆို အ့ပါး က သားသားကို ဒယ်ဒီဆီ ခေါ်ခဲ့တာလား "

" ဒါပေါ့ ကလေးရ"

" ရေးးးးး အ့ပါး အကောင်းဆုံး ချစ်တယ်ချစ်တယ် အ့ပါးကို ချစ်တယ်"

ကျွန်တော် ရှယ်ယွန်းဟျောင်းဆီကနေ ကိုကို့ အိမ်လိပ်စာတောင်းခဲ့တယ်။ အခုတော့ ကိုကို့ဆီ မသွားသေးဘူး။ အိမ်အရင်ပြန်ရမယ်။ ဟျောင်းကိုလည်း ကြိုမပြောထားဘူး ကျွန်တော် အမေရိက ရောက်နေတယ်ဆိုတာ။အခုချိန်မှာ ကိုကို့ကို ဘယ်လောက်ပဲ့ တွေ့ချင်တွေ့ချင် ဟျောင်းဆီကိုတော့ အရင်သွားရမယ်။

အိမ်ကြီးကို မရောက်ဖြစ်တာ တော်တော်လေး ကြာခဲ့ပြီ။ ဟျောင်းကတော့ အိမ်ကို အရင်တိုင်းပဲ့ ဖြစ်အောင်ထားထားတယ်။ ဟျောင်းလည်း အိမ်ကြီးမှာ တသ်ယောက်ထဲ နေရတာ ပျင်းမှာပဲ့။ အက်တာတွေ အကုန်လုံးက ငါမကောင်းခဲ့လို့ဖြစ်တာပါ။

" ဟာ...လေးလေး ဂျုံဆောင်း"

သားလေးအော်သံကြောင့် တွေးလက်စ အတွေးတွေတောင်ပျောက်သွားခဲ့တယ်။

........💜

လချုပ်စာရင်းကို အပြီးသတ်နေတာနဲ့ ညက မအိပ်ဖြစ်ခဲ့။ မနက်ရောက်တော့ ခေါင်းနည်းနည်းနောက်နေတာနဲ့ အတွင်းရေးမှူးကိုပဲ့ လက်လွဲထားရတယ်။ အသက်ကလည်း တစ်ရက်ပြီးတစ်ရက် ကြီးလာတာကိုး။ ရုတ်တရက် ဂျောင်ဝန်းလေးနဲ့ တူလေးကိုတွေ့လိုက်ရတော့ မျက်ရည်တောင်ဝဲတယ်။ မတွေ့ရတာ အရမ်းကိုကြာခဲ့ပြီ။ တူလေး ငယ်ငယ်တုန်းကတော့ တစ်ခါနှစ်ခါလောက် ဟန်းဂုကိုပြန်ဖြစ်ခဲ့သေးပေမယ့် အခုမပြန်ဖြစ်တာ တော်တော်ကြာပြီ။ ဒီဘက်က အလုပ်ကိစ္စကလည်း ကိုယ်မရှိရင် မဖြစ်ဘူးလေ။ ကျွန်တော့်မှာ မိသားစုဝင်ဆိုလို့ ဝန်းငယ်လေးနဲ့ တူလေးဟီဝန်း နှစ်ယောက်ပဲ့ရှိတော့တာလေ။ သူတို့နှစ်ယောက်ရဲ့ တာဝန်အကုန်လုံးက ကျွန်တော့်ဆီမှာရှိတယ်။

REUNION // HeewonWhere stories live. Discover now