ဆရာဝန်မေးသည့် ကလေးအဖေနေရာ...

638 63 16
                                    

= REUNION =

Unicode

by(hee-fei)

ကျွန်တော်ကအရူးပဲ့ မဖြစ်နိုင်တာကိုတွေးနေတယ်။ဒီလိုနဲ့ပင် ဟီဝန်းလေးမွေးမည့်နေ့ကိုရောက်လာခဲ့တယ်။ဆရာဝန်က ကျွန်တော့်ကိုမေးတယ်။" ခလေးအမေနေရာမှာ ဘယ်သူ့နာမည်ထည့်မလဲလို့" ကျွန်တော်အချိန်အတော်ကြာအောင်စဥ်းစားခဲ့တယ်။နောက်ဆုံးတော့လည်း "ဆရာ လေးအဖေနေရာမှာ......လို့ထည့်ပေးပါ"ဆရာဝန်ကလည်း ဟုတ်ကဲ့ပါလို့ပြောပြီး ကျွန်တော့ကိုခွဲစိတ်ခန်းထဲခေါ်သွားခဲ့တယ်။သားလေးကို ခက်ခက်ခက်ခဲခဲကိုမွေးထားရတာပါ။ အသက်လုပြီးတော့ပေါ့ ကိုယ်ကယောကျာ်းလေးလည်းဖြစ် ခွဲခန်းထဲမှာလည်း ကျွန်တော့်ကိုထုံဆေးလောက်ပဲ့ပေးထားတော့ အကုန်လုံးကိုမြင်နေရတယ်။ ကျွန်တော့်သားလေးက်ု ကျွန်တော့်အသက်ထက်ကိုပိုချစ်ရတာပါ။သားငယ်လေးကို စောင့်ရှောက်ဖို့အတွက် ကျွန်တော်ရော ဆောင်ဟွန်းရော နှစ်ယောက်စလုံးကျောင်းတစ်နှစ်နားလိုက်ရတယ်။အခုဆို 

ကျွန်တော်ဟန်ဂုရောက်တော့လေ ဟီဝန်း ရဲ့ အဖေအကြောင်း စုံစမ်းခဲ့သေးတယ်။ကျွန်တော်သိလိုက်တာက လူကြီးက အီဟီဆွန်း ဆိုတာရယ်။ လူကြီးကအခုအရွယ်ထိအိမ်ထောင်မရှိသေးဘူးဆိုတာရယ်။လူကြီးတို့ကချမ်းသာပြီး Top(10)ထဲက No (1)တစ်ယောက်ဖြစ်တယ်ဆိုတာရယ်ပဲ့ကျွန်တော်သိလိုက်ရတယ်။ မဖြစ်နိုင်ဘူးမလား ဒီလိုကျိကျိတက်ချမ်းသာပြီး လူကြိုက်များသည့် လူတစ်ယောက်နဲ့ကျွန်တော်လိုဘာမှမဟုတ်သည့်အတက်တန်းကျောင်းသားတစ်ယောက်နဲ့လက်ထပ်ဖို့ဆိုတာ

နေရောင်ခြည်က ကျွန်တော့မျက်နှာပေါ်ကိုမှ တိုက်ရိုက်ဖြာကျသလားလို့တောင်ထင်ရသည်။ နေရောင်ခြည်ကြောင့် မျက်လုံးကအလိုလိုပွင့်လာခဲ့ပြီ။ နံဘေးမှာတင်ထားသည့်ဖုန်းကိုကြည့်လိုက်တော့၈နာရီတောင်ခွဲနေပြီ။သွားပါပြီယ ကျွန်တော်ညက အရင်အကြောင်းတွေပြန်တွေးနေတော့ ညအိပ်ချိန်နောက်ကျကုန်တယ်။ ညအိပ်ချိန်ပဲ့နောက်ကျတာမဟုတ်ဘူး မနက်အိပ်ယာထချိန်ပါလွဲကုန်ပြီ။ ကျွန်တော်ခေါင်းထဲဝင်လာသည့်အတွေးတစ်ခုက ဝန်းငယ်လေး ဝန်းငယ်လေး ကျောင်းနောက်ကျတော့မှာပဲ့။ငါကတော့ကွာ.....

REUNION // HeewonWhere stories live. Discover now