မငိုနဲ့တော့လေ သဲငယ်

541 56 16
                                    

= Reunion =

Unicode ❄ (hee-fei)💛

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode ❄ (hee-fei)💛

"အကို ကျေးဇူးပါ"

တစ်လမ်းလုံး ကျေးဇူးတင်စကားပြောမလို့ အစရှာနေတာ ဘယ်ကစပြီး ဘယ်လိုပြောရမလဲမသိတော့။ နောက်ဆုံးတော့လည်း တုံးတိကြီး ပြောထွက်ကုန်ပြန်ပြီ။ ယန်းဂျောင်ဝန်း မင်းကကွာ....အဖြစ်မရှိလိုက်တာ။

ကားမောင်းနေရင်း ကျောင်းမှာသားငယ်လေး ပျော်နေတာကို ပြန်တွေးပြီး တစ်ပြုံးပြုံးနဲ့ တွေးနေချိန် နံဘေးမှာထိုင်နေတဲ့ သဲငယ်ဆီက ထွက်ပေါ်လာတဲ့အသံဆာဆာလေး။ ကားမောင်းနေရင်းနဲ့ဘဲ့ နံဘေးကိုလှည့်ကြည့်လိုက်တော့ ခေါင်းငုတ်ပြီး သူ့ကိုတောင်းပန်နေပြန်သည့် သူ့သဲငယ်လေး။ ကိုယ့်အတွေးနဲ့ ကိုယ် ပျော်နေတာတောင် သဲငယ်လေးကြောင့် ကြ က်ပျောက်ငှက်ပျောက် ကိုပျောက်

" ဘာအတွက်လဲ သဲငယ်"

အခုထိခေါင်းမမော့လာသေးသည့် သူ့သဲငယ်။ချစ်လိုက်တာ

" ဟို.....သားငယ်လေးကို အခုလို သားတစ်ယောက်လိုလက်ခံပြီးချစ်ပေးလို့ အလိုလိုက်ပေးလို့"

" ဟားဟား....သဲငယ်ရယ် ဘာများလဲလို့"

သူရယ်လိုက်တော့ မျက်လုံးအဝိုင်းသားနဲ့ သူ့ကိုမော့ကြည့်လာပြန်တယ်။ ဘယ်လိုတွေတောင်ပြုစားနေတာလဲကွာ...မျက်လုံးဝိုင်းဝိုင်းလေးတွေက

" သားငယ်လေးက ကို့ရဲ့ သွေးသားအရင်းပဲ့လေ ကို မချစ်ဘဲနေပါ့မလား။ ကို လက်မခံနိုင်စရာအကြောင်းလည်းမရှိပါဘူ သဲငယ်လေးရာ...ချစ်တယ် သဲငယ်လေးကိုရောသားလေးကိုရော။ပြီးတော့ ကိုကတောင်သဲငယ်ကိုကျေးဇူးတင်ရအုံးမှာ "

REUNION // HeewonWhere stories live. Discover now