part 5

16 0 0
                                    

မင်းသာ..
ကိုယ့်​ဘ၀ရဲ့အလိုအပ်​ဆုံး

💛💛💛💛💛💛💛
အခန်း ၅

တံခါး​ပေါက်​ ကိုမှီကာ
ရပ်​ကြည့်​​နေ​သော ​တေဇ​အောင်​ကို
ပန်​ဆုငယ်​မမြင်​​သေး။
ထိုစဉ်

"မမ​လေး ​မေ​မေကြီးကလာပါဦးတဲ့"

ဟု​အော်​​ခေါ်လိုက်​​သောနိုငိနိုင့်​အသံ​ကြောင့်
သူမလှည့်​လိုက်​သည်​။
အယ်​..​တေဇ​အောင်​..
သူဘာကြည့်​​နေတာလဲ
အာ့​ကြောင့်​ငါ့ကိုတ​ယောက်​​ယောက်​ကြည့်​​နေသလို
ခံစား​နေရတာကိုး။ဘယ်​ချိန်​တည်းက​ရောက်​​နေတာလဲ
မသိဘူး။အံ့သြသွား​သောပန်​ဆုငယ်
မျက်​နှာကိုပြင်​ဆင်​ကာ

"ကို​တေဇ ​ရောက်​​နေတာကြာပြီလား"

"မကြာ​သေးဘူး ​ဒေစီ"

ဟုအသံတိုပြတ်​ပြတ်​ဖြင့်​ပြန်​လည်​​ဖြေကြား
ပြီး​တဇေ​အောင်​​ဘာမှဆက်​မ​ပြောဘဲ
သူမကိုသာကြညိ့​နေမိသည်​၊
ဘာ​ကြောင်ဲသူမကအရင်​လိုမဟုတ်
တော့တာလဲ။

သူမကိုသာစိုက်​ကြည့်​​နေ​သော
တေဇ​အောင်​ ရဲ့စူးရှရှအကြည့်​​တွေ​အောက်
ပန်​ဆုငယ်​ မ​နေတတ်​​တော့။
ထို့်​​ကြောင့်​သူမသူ့အနားမှထွက်​ခွာလာရာ
ကြမ်းပြင်​​ပေါ်တွင်​ချထား​သောဆီပုံးကို
မမြင်​။ခလုတ်​တိုက်​မိ​လေသည်

"ဒုန်း..."

"အာ...."

"ဟာ..​ဒေစီ"

တိုက်​မိသံနှင့်​အတူနာကျင်​သွား​သော​ခြေမ
..​လေဟာနယ်​ထဲကျသွား​သောမိမိ၏ခန္ဓာကိုယ်
ထွေး​ပွေ့လိုက်​​သော..​နွေး​ထွေးတဲ့
ရင်​ခွင်​တစုံ..ထိကပ်သွါးတဲ့နှုတ်ခမ်းနှစ်စုံ
လှုပ်​ရှားသွားတဲ့နှလုံးသား​လေးနှစ်​ခု

တေဇ​အောင်
သူမခလုတ်​တိုက်​မိကာလဲကျလာတာမြင်​​တော့
စိုးရိမ်​စိတ်​များဖြစ်​ကာသူ သူမကိုဖမ်းလိုက်​​လေသည်
သူမကိုဖမ်းတဲ့အရိုန်​​ကြောင့်​နှစ်​​ယောက်​လုံးလဲကျ
သွားကာ သူက​အောက်​မှာပိမိကာ
သူမက​တော့သူ့ရဲ့အ​ပေါ်​ရောက်​​နေ
လေသည်​။ပြီး​တော့
သူ၏နှုတ်​ခမ်းနှင့်​သူမနှုတ်​ခမ်းထိသွားသည်
အဲ့အချိန်​မှာဘာမှန်းမသိတဲ့နှလုံးသား​လေးဟာ
ဝုန်းဒိုင်းကြဲ ​လေ​တော့သည်​။သူမနှုတ်​ခမ်း​လေး​တွေဟာ
အရမ်းချို​နေ​တာ​တော့သူသိသည်

ပန်​ဆုငယ်
သူ့နှုတ်​ခမ်းများနဲ့ထိမိ​တော့
ရင်ခုန်ပြီး ​​​ဘာလုပ်
ရမှန်းမသိဖြစိကာ သူ့မျက်​နှာကိုကြည့်​မိ​လေသည်

"​ဒေစီ ထ​​ပေးပါအုံး: "

"ဟင်​..အင်း..အင်း"

သူသတိ​ပေးမှသူမသတိဝင်​လာကာ
သူ့အ​ပေါ်မှဖယ်​မိ​လေသည်​။
ဖယ်​လိုက်​မိ​သောသူ့နှုတ်​ခမ်းကိုကြည့်​မိ​တော့
သူ့နှုတ်​ခမ်းက မိန်းက​လေးကျ​နေတာဘဲ
နီ​ထွေး​နေပါလား..ပြီး​တော့သူကအရမ်း
တည်​ကြည်​​ချော​မေလှပါလား။

သူ့ကို​ငေး​ကြောင်​ကြည့်​​နေ​သော
သူမကိုဖယ်​ခိုင်းကာ ​တေဇေ​အာင်​ထလို​က်​​လေ
သည်​။ပြီး​​နောက် ​သူမကို​ဝေ့ခနဲကြည့်​ကာ

"ကိုယ်​ အရင်​သွား​နှင့်​မယ်​.
နောက်​ကလို​ကိခဲ့​.."

::"အင်း ဟုတ်​ကဲ့ပါ "

သူကိုရင်​မဆိုင်​ရဲ​သော
ပန်​ဆုငယ်​ အလိုက်​တသိထွက်​သွား​သောသူ့ကို
ကျေးဇူးတင်​မိသည်​။

####>>>>>>>>>>#####

ဧည့်​ခန်းထဲတွင်​​ဒေစီစိုးရဲ့​မေ​မေနှင့်​​မေမေကြီး၊
တေဇ​အောင်​ နှင့်​သူမ  မမြင်​ဖူး​သော
တေဇ​အောင်​၏မိဘနှစ်​ပါးကို
တွေ့လိုက်​ရ​လေသည်​။

"သမီး..ထို​င်​ ဒါက​မောင်​​တေဇရဲ့မိဘ​တွေကွဲ့
ဦးတိုင်း​ကျော်​နဲ့​ဒေါ်မြတ်​​သိုသမီးသိမှာပါ. မှတ်​မိ​သေးလား"

"ဟုတ်​ကဲ့..​နေ​ကောင်းတယ်​​နော်​အန်​တီ
သမီးမမှတ်​မိလို့ကန်​​တော့​နော်​..သိ​တော့သိပါတယ်​"

"​အေးကွဲ့..သမီးငယ်​​သေး​တော့မမှတ်​မိတာ
အန်​တီနားလည်​ပါ​တယ်​..သမီး ကငယ်​​သေးတာကိုး
အခူ​တော့အရမ်းလှလာတယ်​."

"ဟုတ်​ကဲ့..​ကျေးဇူးပါအန်​တီ.အခု​တော့ထမင်းသူံး
ဆောင်​လိုက်​ပါဦး"

"​သြော်​..​အေးကွဲ့..မမသက်​​ရေ
ထမင်းပွဲနဲ့ကြိုလို့​ကျေးဇူးပါ..ဒီထက်​မက
ကျွေးနိုင်​ပါ​စေ"

"​ကျေးဇူးတင်​ဖို့မလိုပါဘူး.မြင့်​ရယ်
လူရင်း​တွေကိုး အခု​တော့
သွား စားရ​အောင်​..သမီး ​ခေါ်လိုက်​ပါအုံး"

"အန်​တီ ထမင်းစားခန်းကိုကြွပါ:"
#####>>>>>>

စာေ​ရးသူ+တိုသွားရင်​​တောင်းပန်​ပါတယ်
စာဖတ်​သူများသည်းခံ​ပေးပါလို.

The Most i Need U In My Life(completed)Where stories live. Discover now