part 11

11 1 0
                                    

မင်းသာ..ကိုယ့်​ဘ၀ရဲ့အလိုအပ်​ဆုံး

အပိုင်း၁၁
😎😎😎😎😎😎
ထိုအဖြစ်​အပျက်​များဖြစ်​ပြီးဆယ်​ရက်​အကြာ
ဒုတိယအကြိမ်​..သူမဆီသို့..ပါဆယ်​​ရောက်​လာပြန်​သည်

"တင်း​တောင်​..."

"ပါဆယ်​..ပါတယ်​..ပါဆယ်​"

စာပို့သမား​လေးရဲ့​အော်​သံ​ကြောင့်
ပန်​ဆုငယ်​ ပန်းပင်​များ​ရေ​လောင်း​နေရာမှ
ရပ်​ပြီး..ခြံပြင်​ထွက်​ခဲ့သည်​။

"ပါဆယ်​ကဘယ်​သူ့အမည်​နဲ့လဲ..​မောင်​​လေး"

"​ဒေစီစိုးအမည်​နဲ့ပါအမ.."

"အမအမည်​နဲ့လာတာကိုး..
ပေးခဲ့ပါ​မောင်​​လေး..
လက်​မှတ်​ ထိုးရ​သေးတယ်​မလား.."

"ဟုတ်​ကဲ့ပါအမဒီမှာလက်​မှတ်​ထိုးရမှာပါ"

ပန်ဆုငယ်​ လက်​ ​မှတ်​ ထိုးပြီး​နောက်​..

"​ကျေးဇူးပါပဲ.. ​မောင်​​လေး"

"ရပါတယ်​အမ..ခွင့်​ပြုပါအုံး.."

စာပို့သမား​လေးထွက်​သွားပြီး​နောက်
ပန်​ဆုငယ်​ပါဆယ်​ထုတ်​ကို..မိမိတို့အခန်းထဲ
ယူလာခဲ့သည်​။

ဗြိ...​ဖောက်​..

ပါဆယ်​ထုတ်​အတွငိးက..
ယခင်​အခါကလို..ပုံများနှင့်​စာတ​စောင်
သို့ရာတွင်​ဒီတခါကခြိမ်း​ခြောက်​​ငွေပါ​တောင်း
နေ​တော့သည်​။

@သို့..

ဒေစီစိုး..
မင်းကိုငါသတိ​ပေးတာမင်းလက်​မခံဘူး..
ငါဒုတိယအကြိမ်​သတိ​ပေးမယ်​..
မင်းဓာတ်​ပုံကိစ္စအပြင်​မှာမပြန့်​​စေချင်​ရင်
ငါတို့အတွက်​.နှုတ်​ပိတ်​ခသိန်း၁၅၀၀​ပေးရမယ်​..
အချိန်​၁၀ရက်​​ပေးမယ်​..
အဲ့အချိန်​အတွင်းမင်းဘက်​ကမဆက်​သွယ်​ရင်
မင်းနဲ့ငါအိပ်​တဲ့ပုံ..​တွေပြန့်​​စေရမယ်​..

         သင့်​​ကြောင့်​...ဆိုးလာသူ

စိတ်​ညစ်​ပါတယ်​..ငါ့ဆီဘာလို့
အဲ့ပြဿနာ​တွေ​ရောက်​..​ရောက်​လာတာလဲ
ဒေစီရယ်​...နင်​ဘာ​တွေလုပ်​​​နေတာလဲ...
ငါနားမလည်​​တော့ဘူး

The Most i Need U In My Life(completed)Where stories live. Discover now