part 12

9 0 0
                                    

မင်းသာ ကိုယ့်ဘ၀ရဲ့ အလိုအပ်ဆုံး

အပိုင်း ၁၂

မယုံနိုင်ခြင်း တွေ အံ့သြစိတ်တွေ
ရောပြွန်းဖြစ်ပေါ်လာတဲ့ ဒေစီစိုး
ထိုအဖြစ်ပျက်ကို လက်မခံနိုင်စွာ

တကယ်ဘဲ....ဘာတွေဖြစ်လာ
တာလဲ....မဖြစ်နိုင်ပါဘူး...
သူငါ့ကိုချစ်တယ်လေ...ဘာကြောင့်
.....ဘာကြောင့်

အဟင့်...ဟင့်   မဖြစ်နိုင်ဘူး.....
မိုးကျော်.....ငါ့အပေါ် လုပ်ရက်တယ်
သူ့အတွက်နဲ့ အရာအားလုံးကိုငါ
လက်လွှတ်ခဲ့တာ  ငါ့ရဲ့မိသားစု
ငွေကြေး ပြီးတော့ ငါ့ရဲ့အနာဂါတ်
ခင်ပွန်းကအစ....နိလုပ်ရက်တယ်

စိတ်ထဲက မဖြစ်နိုင်ဘူး လက်မခံဘူး
ငြင်းနေပေမယ့် ဦးနှောက်က
သတိပေးနေခဲ့သည်....ယိုစီးကျလာတဲ့
မျက်ရည်များကို ဖိသုတ်လိုက်ကာ

ပန်ဆုငယ်ဆီ ပြန်သွားရမယ်
သူ့ကိုငါ နေရာလဲမယ်လို့ပြောထားတာ
ဟုတယ်  သွားရမယ်...

နာကျင်နေတဲ့ နှလုံးသားကို
တစိမ့်စိမ့် တွေးပြီးလွမ်းနေ ချစ်နေ
ရအောင် ငါက အသိဥာဏ် မရှိတဲ့
လူမဟုဘူး...ငါပိုင်ဆိုင်တဲ့ ငါ့ရဲ့နေရာ
ငါပြန်ယူရမှာပေါ့   ......အချစ်တဲ့
ငွေကြေးမရှိတော့ လမ်းပေါ်ကအမှိုက်
လောက်တောင် တန်ဖိုးမရှိတော့ဘူး
တကယ်ဘဲ  အချစ်တဲ့လား
တန်ဖိုးမှ မရှိတာ....
တော်ပြီ....ငါ့ရဲ့ ချမ်းသာမှုတွေဆီ
ပြန်သွားမယ်   ........
တေဇအောင်  မင်းဆီတို့လာပြီ....
မင်းရဲ့ဇနီးလေးလာပြီ......

🏃🏃🏃🏃🏃🏃🏃🏃
ပြင်ဦးလွင် တည်းခိုခန်းတခု၌

ဒီမိန်းမ ငါ့ကိုဂရုမစိုက်ဘူး
ကောင်းပြီလေ ငါကမင်းအကြောင်း
အကုန်ဖော်ရတာပေါ့  ဒေစီစိုးအနေနဲ့
မရရင် ပန်ဆုငယ် အနေနဲ့ တောင်းရတာပေါ့

အကြံဆိုးများနဲ့မိုးကျော် ဒေစီစိုး(ပန်ဆု)
၏အိမ်သို့ဖုန်းခေါ်လိုက်လေသည်

RING RING RING

"ဟဲလို  #$%*စံအိမ်ကပါရှင်"

"ဒေစီစိုးနဲ့စကားပြောချင်လို့ပါ.."

"ဘယ်သူလဲ မသိဘူး..ဘယ်သူလို့ပြော
ပေးရမလဲ"

"ရန်ကုန်ကလို့ပြောပေးပါ"

The Most i Need U In My Life(completed)Where stories live. Discover now