part 17

15 1 0
                                    


မင်းသာ..ကိုယ့်​ဘ၀ရဲ့အလိုအပ်​ဆုံး

အပိုင်း၁၇

ပန်​ဆုငယ်​​တေဇ​အောင်​လက်​ကို
လွှတ်​လိုက်​ပြီး...​​ဒေစီစိုးကိုကြည့်​လိုက်​သည်

သူမဘာလို့ငါ့ကိုမဆက်​သွယ်​ရတာလဲ
ဘာ​ကြောင့်​လဲ.. .ဘာ​ကြောင့်​..ငါ့ကို

ဒေစီစိုး မိမိကို ကြည့်​​နေတဲ့ပန်​ဆုငယ်​ကို
မဲ့ပြုံးဖြင့်​ကြည့်​လိုက်​ပြီး...
ချက်​ချင်း ဆိုသလိုမျက်​ရည်​များကျလာပြီး
ငိုလိုက်​သည်​..
ပြီး​နောက်​..မိမိ​ဘေးတွင်​ကပ်​ထိုင်​ကာ..မိမိကို...
ဖက်​ထားတဲ့​ဒေါ်တင်​တင်​ကြီးရင်​ခွင်​ထဲ
ဝင်​ကာ...

"​မေ​မေ..​မေ​မေကြီး...သမီးကိုဟန်​​ဆောင်​ခိုင်းတာ
အဲ့အမျိုးသမီးဘဲ...သူ့ကို​မောင်းထုတ်​လိုက်​..
သမီးသူ့ကို​ကြောက်​တယ်​.."

ဒေစီစိုး ပုံစံကတကယ်​​ကြောက်​လန့်​​နေသလို
တုန်​တုနိယင်​ယင်​​ဖြစ်​​နေကာ...
မျက်​လုံးများက..ကျီးကန်း​တောင်​​မှောက်​ကြည့်​​နေ
သည်​....

ထိုအ​ခြေအ​နေကို​စောင့်​ကြည့်​​နေသူက
တေဇ​အောင်​...မိမိသိသည်​...
ဒေစီ..သူရဲ့ပန်​ဆုငယ်​ကို​​ချောက်​တွန်း​နေသည်​ကို
သို့​သော်​..သူ..ဘာမှဝင်​မ​ပြော...
လုပ်​ထား​ပေါ့...
မင်းက...မင်းသမီးဇာတ်​ပြီးရင်
ငါက...ဘီလူးဇာတ်​ကရလိမ့်​မယ်​...
..

ဒေါ်တင်​တင်​ကြီး​ဒေစီစိုးစကား​ကြောင့်
မျက်​လုံးများက့်​စူးရဲ
လာပြီး..မျက်​နှာတခုလုံးတင်းမာခက်​ထန်​လာသည်
ဒေါ်တင်​တင်​ကြီးထိုင်​ရာမှ..
ထလာပြီး...ပန်​ဆုငယ်​​ရှေ့သို့​လျှောက်​လာပြီး

"နင်​လို့..အဆင့်​မရှိတဲ့မိန်းမက...
ငါ့ကိုလာလိမ်​တယ်​...ပြီး​တော့..
ငါသူမ​ယောကျာ်းကိုလည်းလုတယ်​.
ငါ့တူမကိုလည်း...ခြိမ်း​ခြောက်​တယ်​...
အေ...ငါ့တူမရဲ့​ယောကျာ်းကို​တော့မရ
စေရဘူး...ဒါပဲရမယ်​..."

ဆိုကာ..ပန်​ဆုငယ်​၏ပါးအား
အားထည့်​ကာ..​ရိုက်​ထည့်​လိုက်​​လေသည်​။..

ဖြောင်း...

ပြင်းထန်​တဲ့ရိုက်​ချက်​နဲ့အတူ
ပန်​ဆုငယ်​၏ပါးတဖက်​ပူထူသွားသည်
ပန်​ဆုငယ်​..နာကျင်​သွားတဲ့..ပါးပြင်​ကိုကိုင်​ကာ
မျက်​ရည်​များကျလာသည်

The Most i Need U In My Life(completed)Donde viven las historias. Descúbrelo ahora