Chapter 5: အောင်မြင်မှုတို့ရိတ်သိမ်းခြင်း

27 4 4
                                    

Unicode

ရန်ရွှီဝမ် နှင့် ဝေရန်အတူစာကြည့်ခန်းထဲတွင် နှစ်စဥ်ရေကြီးမှုအတွက်ဆွေးနွေးနေကြစဥ်ကိုယ်ရံတော်ရောက်လာသည်

ကိုယ်ရံတော်_ " အရှင်မင်းသား ဝေအိမ်တော်အရှေ့မှာ လူအုပ်ကြီးရောက်နေတယ် သူတို့တွေက သူတို့အရင်နေအိမ်ကိုမစွန့်လွတ်နိုင်တဲ့ ရေဘေးဒုက္ခသည်တွေပါ "

ဝေရန်သည် မျက်စိမျက်နှာပျက်သွားပြီး

ဝေရန် _"အရှင်မင်းသား ကျွန်တော်မျိုးပြောတဲ့အတိုင်းပဲ ဒီဆင်းရဲသားတွေက အစွဲအလမ်းကြီးကြတယ် သူတို့ရဲ့အတ္တတွေကြောင့် အရှင်မင်းသားရဲ့ စေတနာကိုတောင်မမြင်နိုင်ကြတော့ဘူး ကျွန်တော်မျိုးသူတို့ကို ဥပဒေအတိုင်းပညာပေးလိုက်ပါ့မယ် "

ဝေရန်သည် စံအိမ်ရှေ့သို့သွားရန်ထ ထွက်လာခဲ့သည်

ရန်ရွှီဝမ် _"ရပ်စမ်း.. "
ဝေရန်တုန့်ခနဲရပ်သွားသည်

ရန်ရွှီဝမ် _ " ဒီကိစ္စကို ငါကိုယ်တော် ကိုယ်တိုင်ဖြေရှင်းလိုက်မယ် "

ဝေရန် _ " အရှင်မင်းသား မဖြစ်ဘူး သူတို့တွေကရိုင်းစိုင်းတဲ့လူတွေ အရှင်မင်းသားရဲ့သိက္ခာတော်က တန်ဖိုးကြီးလှတယ် ကျွန်တော်မျိုးပဲ ဖြေရှင်းလိုက်ပါ့မယ်"

​​ေဝရန်သည် အမှန်တကယ်စိတ်ပူ၍ပြောခြင်းဖြစ်သည်

ရန်ရွှီဝမ် _"ငါကိုယ်တော်ဆုံးဖြတ်ပြီးပြီ "

ဝေရန် _" အရှင်မင်းသား စဥ်းစားပါဦး "

ဝေရန်ဟာ တစ်လမ်းလုံး ရန်ရွှီဝမ်ကိုစဥ်းစားရန်ပြောရင်းအနောက်ကလိုက်လာသည် စံအိမ်တံခါးကိုဖွင့်လိုက်သည်

ဒုက္ခသည် များဟာ ထိုင်ရာမှထလိုက်ကြပြီး သူတို့ထဲကအာဘောင်အာမောင်းသန်သူတစ်ဦးက

"ကောင်းရန်ဝမ်မင်းသား ကျွန်တော်တို့ရဲ့လယ်တွေ အခင်းတွေကို ပြန်မပေးတော့ဘူးလား အဲ့နေရာအစားထိုး ဒီအိမ်နဲ့မြေကွက်ကျဥ်းကျဥ်းလေးတွေကို ပဲပြန်ပေးတာလား အဲ့နေရာတွေက ကျွန်တော်တို့ ဘိုးဘေးပိုင်နေရာတွေ ကျွန်တော်တို့ ဘာနဲ့မှမလဲနိုင်ဘူး "

ဖီးနစ်တောင်ပံ အချစ်မီးလျှံ Where stories live. Discover now