Chapter 7: မသိစိတ်၏နှောင်ကြိုး

14 3 5
                                    

Unicode

လုအိမ်တော်၏ ပန်းဥယျာဥ်ထဲရှိ အပန်းဖြေလေသာဆောင်တွင် လျိုယွီနင်တစ်ယောက် စာအုပ်များဖြင့်အလုပ်ရှုပ်နေသည်။

*ရိဖု၏စာကြည့်ခန်းမှ ယူလာသော ဤစာအုပ်များကို ဝတ္တရားကျေ လှန်လောဖတ်ရှူနေသည်။ တစ်မျက်နှာကုန်လို့နောက်တစ်ရွက်လှန်လိုက်သည်နှင့်ရှေ့တစ်မျက်နှာတွင်ဖတ်ခဲ့သောစာများ အားလုံးကိုမေ့သွားပြီ။

သို့ဖြစ်ပါ၍ လျိုယွီနင် သည်အဘယ်ကြောင့် အချိန်တွေကို ဖြုံးတီးနေမိပါသနည်း၊ သူကိုယ်တိုင်လည်း နားမလည်ပေ။ အသေအချာပြောနိုင်သည်မှာတော့ သူသည် စာအုပ်နှစ်အုပ်လောက်ဖတ်ထားရုံနဲ့ စာပေပညာရှင်ဟန်ဆောင် သလိုအဖြစ်မျိုး ပြန်မရောက်ချင်ပေ။

ထိုစဥ် အစေခံလေးတစ်ယောက်ရောက်လာခဲ့သည်။

"စစ်သူကြီး..*နန်ကျန်းက စာရောက်လာပါတယ် "

ရိုကျိုးစွာ ထိုစာကိုလှမ်းပေးလာသည်။
[A/N နန်ကျန်း = နယ်စပ်မြို့နာမည်ပါ]
လျိုယွီနင် စာကိုလှမ်းယူလိုက်ပြီး...

လျိုယွီနင် _" မင်းအလုပ် မင်းပြန်သွားလုပ်လို့ရပြီ"

ထို့အစေခံလည်းထွက်ခွာသွားခဲ့သည်။ လျိုယွီနင်သည် စာကိုဖွင့်ဖတ်လိုက်သည်။

< *နင်ကော နန်းမြို့မှာအဆင်ပြေလား၊ အကူအညီလိုရင် ကျွန်မ *ရှောင်ချွန် ကိုခေါ်ပြီးချက်ခြင်း လိုက်လာခဲ့မယ်။

နန်ကျန်းမှာ အရာအားလုံးအဆင်ပြေတယ်၊ ကျွန်မတို့ ဝံပုလွေတပ်တွေရဲ့ ယာယီခံတပ်လည်း စနစ်တကျရှိပြီ၊ စစ်ရေးလေ့ကျင့်ကွင်းလည်းအဆင်ပြေတယ်။

ခိုင်ခံ့တဲ့ မြို့ရိုးရှိဖို့ပဲလိုတော့တယ်၊ *နန်းမြို့ကနေ ငွေဒင်းဂါးတွေယူပြီး ပြန်လာမယ့် နင်ကောရဲ့အိမ်အပြန်ကိုမျှော်နေတယ်

*ရှင်းဖေး>

[A/N နင်ကော = အစ်ကိုနင်၊ လျိုယွီနင် ကိုခေါ်တဲ့နာမ်စား၊
ရှောင်ချွန် = သူမရဲ့မြင်းဖြူလေးနာမည်ပါ၊
ရှင်းဖေး( Xing Fei)= သူမနာမည်ပါ
နန်းမြို့ကနေငွေဒင်းဂါးယူခိုင်းတာက မြို့တံတိုင်း၊ မြို့ရိုးဆောက်လုပ်ဖို့ မင်းကြီးဆီမှာ တောင်းဆိုခိုင်းတာပါ]

ဖီးနစ်တောင်ပံ အချစ်မီးလျှံ Where stories live. Discover now