Chapter 8,(Part 2):မင်းအတွက်သီးသန့်ဝိုင်တစ်ခွက်

12 3 6
                                    

Unicode

ရန်ရွှီဝမ်သည် စစ်မြောက်ဘုရားကျောင်းရှေ့တွင်ရပ်၍ "စစ်မြောက်ဘုရားကျောင်း" ဟူသည့်ဆိုင်းဘုတ်ကိုမော့ကြည့်နေခဲ့သည်။

မနေ့က သူနှင့် လျိုယွီနင်ဟာ တားမြစ်နယ်ပယ်ကိုကျူးကျော်ခဲ့မိလေပြီ။
သူသည်ယနေ့ည ထိုနေရာကိုထပ်မံသွားသင့်၊မသွားသင့် စဥ်းစားနေခြင်းဖြစ်သည်။

သို့သော် လုလင်ပျိုနှစ်ဦးဟာ ထိုနေ့ည၊ ထိုနေရာသို့ပြန်လာရန် ကတိထားရှိခဲ့ပြီးပြီဖြစ်၍ ဝင်သွားလိုက်သည်။ ထိုဘုရားကျောင်းပျက်ကြီးထဲတွင် လျိုယွီနင်သည် ကြို၍ရောက်နင့်နေလေပြီ။

ကနဦးနေ့က ဂျင်းဝိုင်ပြုလုပ်ရန် လုလင်ပျိုနှစ်ဦးဟာ
အချဥ်ဖောက်ထားသော ချင်း(ဂျင်း)၊စပစ်သီးခြောက်နှင့် လီမွန်အရည်အနည်းငယ်တို့ကို သေရည်အိုးထဲတွင်ထည့်ပြီးရေနွေး (၂) လီတာခန့်ထည့်ကာဖုံးအုပ်ထားခဲ့ကြသည်။

ယနေ့တွင် လျိုယွီနင်သည် ကျန်ရှိသောလုပ်ငန်းစဉ် များကိုဆက်လက်လုပ် ကိုင်ရန် ရောက်လာခြင်းဖြစ်သည်။ထို့ကြောင့် သကြားနှင့်တစေးကို ရောမွှေနေလေသည်။

ရန်ရွှီဝမ်သည် လျိုယွီနင်ကိုမြင်သော်..

ရန်ရွှီဝမ် _" ရှောင်နင် ငါတို့အခုစစ်မြောက်ဘုရားကျောင်းထဲ
ရောက်နေတာ သိရဲ့လား "

တားမြစ်နယ်ပယ်ဖြစ်၍ မြန်မြန်ပြန်ထွက်ရန် သတိပေးလိုက်သည်။

ထိုစကားကြောင့် လျိုယွီနင်၏မွှေနေသောလက်သည် ရပ်တန့်သွား၏။ သူ၏နှလုံးအိမ်တွင်လည်း ဒိတ်ခနဲခုန်သွားသည်။ ထိုနေရာသည် သူသစ္စာခံရမည့် မင်းသား(၃)၏မျိုးဆက် ကိုအကျဥ်းချထားရာဖြစ်သည်မဟုတ်ပါလား။

ထိုမင်းသားသည်မင်းသား(၃)ကွတ်မြတ်ခံရစဥ်ကမျက်မမြင်တစ်ယောက်ဖြစ်သောကြောင့် အသက်ရှင်ခွင့်ရခဲ့ခြင်းဖြစ်ပေသည်။သူ၏နာမည်မှာ ရန်ကျောက်ဝမ်ဖြစ်သည်။

လျိုယွီနင်သည် လက်ထဲကပန်းကန်ကို ခုံပေါ်တင်လိုက်သည်။

လျိုယွီနင် _" ဒါဆို ငါတို့အပြစ်ကျူးလွန်မိပြီပေါ့ "

ရန်ရွှီဝမ် _" မင်း..မသိဘူးလား"

ဖီးနစ်တောင်ပံ အချစ်မီးလျှံ Where stories live. Discover now