Chapter 9:ကောင်းရန်ဝမ်နှင့်သတိုးသမီးနှစ်ဦး

18 2 2
                                    

Unicode
လီကော်ရန်_" ကျွင့်ကျူ ခနနေပါဦး "

သူမသည် မျက်နှာကိုယှပ်တောင်ဖြင့်ကွယ်လျှက်ရပ်တန့်လိုက်သည်။

လီကော်ရန် _" ကျွင့်ကျူ၊ ကျွန်တော်မျိုးကြားဖူးတာ ချူအမတ်မင်းက ပိုထည်လုပ်ငန်းတွေအရမ်းအောင်မြင်တာဆို၊ ဒီနေ့ကျွင့်ကျူက အဆင့်မြင့်တဲ့ပထမတန်းစားပိုးထည်ဝတ်မလာပါလား။ ပြီးတော့ အရင်ဧကရာဇ်ရဲ့မယ်တော်ကြီးပေးထားတဲ့ ကျောက်စိမ်းပြားလေးလည်းဆွဲမထားပါလား"

လီကော်ရန်၏စကားကြောင့် ရန်ရွှီဝမ်သည် သူ၏လက်ကိုကျောနောက်ပစ်၍ ဤအမျိုးသမီးကိုသေသေချာချာကြည့်လိုက်သည်။
သူမ၏အဝတ်အစားများသည်သာမန်အဆင့်သာဖြစ်နေလေသည်။

သူမ_"အတင့်ရဲလိုက်တာ၊ ရှင့်လို ယောက်ျားရင့်မာကြီးက အရာရာအစစ ဝေဖန်လေကန်တတ်သေးတယ်"

လီကော်ရန်သည် ရှေ့သို့တိုးလာ၍

လီကော်ရန် _"ခင်ဗျားက ကျွင့်ကျူဆိုရင် ကျွန်တော် သေချာပေါက်အတင့်မရဲဝံ့ပါဘူး။.ဒါပေမဲ့ ခင်ဗျားက ကျွင့်ကျူအစစ်မှဟုတ်ရဲ့လား"

သူသည် စကားဆုံးသည်နှင့် မျက်နှာကွယ်ထားသောယှပ်တောင်ကို သူ၏ဓားရိုးဖြင့်ဖယ်ချလိုက်သည်။ လီကော်ရန် သည်သူမကိုမြင်သော်အံ့သြ သွားလေသည်။

လီကော်ရန် _"ရှင်းဖေး၊ ဒီသူငယ်မကတော့။မင်းဒီကိုဘာလာ လုပ်တာလဲ။ဒီနေရာကိုမင်းကစားစရာနေရာလို့ထင်နေလား။"

ရှင်းဖေးသည် ချုပ်တည်းထားသမျှပေါက်ကွဲလေသည်။

ရှင်းဖေး _"ဟုတ်တော့ပါ​ဖြစ်လဲ။ကျွန်မက အရှင်မင်းသားကိုလာ ချောင်းကြည့်တာ၊ ရှင်နဲ့ဘာဆိုင်လဲ"

သူမသည် စကားပြောရင်း လီကော်ရန် ၏ထုထည်ကြီးမားသော ရင်ခွင်ကို သူမကိုင်ထားသောယှပ်တောင်ဖြင့်ဆက်တိုက်ထုရိုက်နေသည်။

လီကော်ရန် _" မင်းအခုအရှင့်သားတော်ကို လိမ်ညာလှည့်စားမှု ကျူးလွန်ထားတာ။ ဒီအပြစ်ကသေဒဏ်ဆိုတာသိလား။"

လီကော်ရန်သည် အသံသြသြဖြင့် ဟောက်ပစ်လိုက်လေရာ သူမယှပ်တောင်လေးကိုပြန်ရုတ်သိမ်းလိုက်ပြီး၊ ထွက်ပြေးရန် လွတ်လမ်းရှိမရှိ မျက်လုံးဝှေ့ကစားရင်း ရှာဖွေနေမိ​ေတာ့သည်။

ဖီးနစ်တောင်ပံ အချစ်မီးလျှံ Where stories live. Discover now