Arc 5 Part 21

332 40 0
                                    

      William နှင့်နီးလာလေ ပေါက်စီလေးရော Kazura ရောပါ ဝိညာဉ် တဖြည်းဖြည်းမှေးမှိန်လာသည်။ misaki ကတော့ နှစ်ယောက်စလုံးကို တင်းကြပ်စွာ ဖက်တွယ်ထားဆဲပင်။

       "အဲ့လူကို တအားကြိုက်တာလား"

      ကွဲပျက်သွားတဲ့ဝိညာဉ်တွေက တစ်ခုချင်းစီမှာ အသိဉာဏ်ပြန်ဖြစ်တည်သလားတော့ သူမ မသိပေ။ Kazura နှင့်ပေါက်စီလေးကတော့ တွေးခေါ်နိုင်စွမ်းရှိပုံပင်။

      "ကြိုက်တယ် Kazura နဲ့လည်းတူတယ် ပေါက်စီလေးလိုလည်း ချစ်စရာလေး"

      "အဲ့လူက ခင်ဗျားအပေါ် ကောင်းလားဟင်"

     "သေချာပေါက် Kazuraကတော့ ကောင်းပေးမှာမလား" သူမစကားအဆုံးတွင် Kazuraကပြုံးသည်။ လူတိုင်းထက်ကို ကောင်းပေးနိုင်သည်။ ထုတ်ပြောဖို့တော့ လိုမည်မထင်ပေ။

      ပုခုံးထက်တွင် မေးတင်ထားသော ပေါက်စီလေးက တုန်ရီစပြုလာသည်။

      "အရှင်သခင်လေး အေးနေတာလား"

      သို့သော် misaki သည်တစ်ခါတော့ ချစ်စရာ ပြန်ဖြေသံလေး မကြားရတော့ပေ။ အရှင်သခင်က အရွယ်ရောက်ပြီးသားလူမို့ ဒီလောက်နာကျင်မှုကို သည်းခံနိုင်တယ်။ ဒါပေမဲ့ ဒီကလေးသာသာ ခန္ဓာကိုယ်လေးက ပျော့လိုက်တာ။ ဝတ်ရုံအနီလေးကို အေးတဲ့အကြောင်း နားနား ကပ်ပြောရမလား။ အဲ့လိုဆို ဒီအရှင်သခင်က သူ့ကိုသဘောကျနေတယ်ဆိုပြီး အသားလာယူနေဦးမယ်။ ရှိပါစေတော့ ကိုယ်တော်က မင်းကိုချစ်ပေမယ့် အလိုတော့မလိုက်နိုင်ဘူး။ လုပ်ချင်တာပေးလုပ်လိုက်ရင် လူတွေက ကိုယ့်မိန်းမကိုယ်ပြန်ကြောက်‌ေနရတယ် ထင်လိမ့်မယ်။ နည်းနည်းလောက်တော့ ဖက်ပေးပါဦး ရင်ဘတ်ထဲကပါ ချမ်းနေတယ်။

         ထိုခဏမှာပင် နှစ်ယောက်စလုံးက ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုး ပျောက်ကွယ်သွားတော့သည်။ သူမကရော။ သူမကတော့ ရှုပ်ထွေးသည့် မုန်တိုင်းအလယ်တွင် ရပ်တန့်နေရသည်။ အိမ်အပြန်လမ်းက ကြမ်းတမ်းပါသည်ဆိုမှ အရိုးကျိုးသည့်အသံကလည်း နားထဲ တရစပ်ကြားနေရသည်။ ပင်ပန်းတယ်။ မျက်ရည်တစ်စက်က ပါးပြင်ပေါ်မှဖြတ်ပြေး လိမ့်ဆင်းသွားသည်။ အိပ်ချင်တယ်။

How to Flirt with the final bossOnde as histórias ganham vida. Descobre agora