Arc 4 part 18

3.3K 389 8
                                    

သိမ်မွေ့စွာ တိုက်ခတ်လာသည့် လေညင်းသည် ခန်းဆီးစများအကြားတိုးဝှေ့လာ၏။ Misaki နှင့် Kazura သည် မျက်နှာချင်းဆိုင် ထိုင်နေကြရင်း မနက်စာစားနေသည်။ Naoki ကတော့ စားပွဲပေါ်ရှိဟင်းများအား တွေတွေကြီး ကြည့်နေသည်။ ဘာလဲ ကိုယ်ဘာသာကိုယ် ချက်ထားပြီး မစားကြည့်ရဲတာလား။

Misaki အလျှင်အမြန်ပဲ အသားတစ်တုံးကို မြည်းစမ်းလိုက်သည်။ နူးညံ့ပြီး ကောင်းမွန်သည့်အရသာလေးသည် ခံတွင်းအပြည့်ဖြစ်သွားသည်။ Kazura သည်လည်း တိတ်တဆိတ်ဖြင့်သာစားသောက်နေရင်း ထွေထွေထူးထူးမရှိပါပေ။ ဒါဖြင့် ဇာတ်လိုက်ကောင်က ဘာကိုအတွေးနစ်နေတာလဲ။

"ငါတို့ ခဏနေထွက်သွားကြတော့မလား" Kazura ၏စကားသံသည် Naoki အားလှုပ်နှိုးလိုက်လေဟန်ရှိသည်။ သူနှင့်မဆိုင်လေမှန်းသိသော်ငြား မနေ့ညကဆုံတွေ့ခဲ့သည့်ကလေးငယ်အကြောင်း တွေးနေမိသည်။ ‌ပွဲတော်နေ့တွင် အပျော်လွန်ပြီးသည့်နောက် တစ်မြို့လုံးပင်ပန်းကာ အနားယူနေကြသည်။ မနက်စာစားချိန်တွင်ပင် မနိုးထကြသေးဘဲ တစ်နေ့လုံးအိပ်ရန် စီစဉ်ထားကြဟန်တူသည်။ Naoki လည်း သူ့ကယ်တင်ရှင်တို့ မနိုးထလာခင် မနက်စာပြင်ဆင်ရန်အတွက် ဧည့်ကြိုလမ်းညွှန်သည့်အတိုင်း ဈေးသို့သွားလေ၏။ လူစည်သည့်ဈေးပင်ခြောက်ကပ်နေကာ ချက်ပြုတ်မည့်ပစ္စည်းများ အလုံအလောက်ရရန်အတွက် အတော်ပင် အားထုတ်လိုက်ရသည်။

ဝယ်ခြမ်းပြီးစီးသည့်နောက် လူရှင်းသည့်လမ်းမထက် သွက်သွက်လျှောက်ရင်းပြန်လာခဲ့သည်။ ပြန့်ကျဲနေသည့်စာရွက်အပိုင်းအစများ အိမ်နံရံများထက်မှကြော်ငြာစာရွက်များသည် Naoki ၏အာရုံကို ဆွဲဆောင်သွား၏။ မနေ့ညတွင်မှ ဆုံတွေ့ခဲ့သည့်ကလေးငယ်လေး။ မဟုတ်လောက်ဟု တွေးခဲ့သည့်တိုင် ယဇ်ပူဇော်ခံရမည်မှာ ထိုကလေးငယ်တဲ့လေ။

System ၏အကူအညီဖြင့် နှုတ်ပိတ်နေသော ဇာတ်လိုက်ကောင်၏ အတွေးတို့ကို Misaki နားလည်လိုက်သည်။ သို့သော် Naoki မပြောလာမချင်း မသိချင်ယောင်ဆောင်နေ၏။ သူကောက်ယူလာသည့် စာရွက်တစ်ရွက်ကို စားပွဲထက်တင်လိုက်ပြီးမှ ရှင်းပြလေသည်။ Misaki ကတော့ အတန်သင့် ခေါင်းညိတ်ခေါင်းခါလုပ်ပြ၏။

How to Flirt with the final bossWhere stories live. Discover now