Arc 6 part 4

265 30 1
                                    

    "ပြေးလို့မလွတ်နိုင်ပါဘူး" Emma က အပျက်အစီးပုံကြားက တိုးထွက်လာရင်း misaki အား ဆိုလိုက်သည်။ မျှော်စင်တစ်ခုလုံးပြိုကျတာတောင် ဇာတ်လိုက်မမှာ ခြစ်ရာရှရာတစ်ခုတောင်ရှိမနေပေ။

    "ပြေးတယ်လား အခုရှင့်ဆီကနေ ထွက်ပြေးနေတယ်လို့များ ထင်နေတာလား" misaki လေအေးများကို အဆုတ်အပြည့် ရှုသွင်းလိုက်ရင်းမှ စကားဆိုလိုက်၏။ သူမမှာ ထွက်ပြေးတတ်တဲ့အကျင့်ရှိပေမယ့် အဲ့တာက အခုလိုအခြေအနေမျိုးမှာ အသုံးချဖို့အတွက် မဟုတ်ပေ။

    Emma က ဟမ့်ခနဲ အသံတစ်ချက်ပြုသည်။ သူမပုံစံက ရှည်လျားလှသည့်အတိတ်အား နောက်ကြောင်းပြန်ရန် အသင့်ဖြစ်နေပုံရ၏။ ဇာတ်ကြောင်းတစ်ခု အတိတ်တစ်ခု ဘဝတစ်ခု။ ဒါတွေအားလုံးက သူတို့ရဲ့ကိုယ်ပိုင်ကမ္ဘာလို့ သတ်မှတ်ခဲ့ကြသည့် စမ်းသပ်အခန်းငယ်ထဲတွင် အစပြုခဲ့သည်။

    Lucas Emma သူမတို့နှစ်ယောက်ဟာ အတော်လေးကို ရင်းနှီးသည့်မိတ်ဆွေတွေ ဖြစ်ခဲ့ကြသည်။ အချင်းချင်းကြား လျှို့ဝှက်ချက်ဆိုတာတောင် မရှိသည်အထိ။ မမျှော်လင့်ထားဘဲ တစ်ရက်မှာ သူတို့ရဲ့တည်ရှိနေမှုမှာ အကြောက်တရားက ပါဝင်ပတ်သတ်လာခဲ့တယ်။ သူတို့နှစ်ယောက်တင်မဟုတ် ကလေးတွေအကုန်လုံးက ကြောက်လန့်တကြားဖြင့် အသက်ရှင်နေကြရသည်။ ကမ္ဘာကြီးက ပျက်စီးစပြုနေပြီ။ လူတွေကအချင်းချင်း သတ်ဖြတ်တိုက်ခိုက်နေကြပြီး သူမတို့လို့အရွယ်မရောက်သေးတဲ့ကလေးတွေကတော့ ကာကွယ်နိုင်စွမ်း ခုခံနိုင်စွမ်းမရှိ။ နေရာအနှံ့ သွေးစတွေ အသက်မဲ့အလောင်းတွေ ပြည့်နှက်နေခဲ့ပြီး ဒီနေ့မှာလည်း ဘယ်သူ့ကိုလက်လွှတ်ရဦးမလဲဆိုသည့်စိတ်ဖြင့် ထိတ်လန့်စွာ ရှင်သန်ခဲ့ကြရသည်။

    အဲ့ဒီနောက်မှာတော့ သူတို့ဟာလည်း ဆက်လက်အသက်ရှင်ဖို့အတွက် ပြန်ခုခံရန် နည်းလမ်းရှာဖွေခဲ့ကြသည်။ သူတို့အားလုံး လွတ်မြောက်ဖို့အတွက် သူတို့အားလုံးပြန်လည်ရယ်မောနိုင်ဖို့အတွက် ဒီအခက်အခဲတွေကို ပြန်တုံ့ပြန်ဖို့ လိုကိုလိုလေသည်။ အဲ့အချိန်မှာပဲ Emma တစ်ယောက် သူမရဲ့လုပ်ဖော်ကိုင်ဖက် Henry အပေါ် သဘောကျနေမိကြောင်း သတိထားလိုက်မိသည်။

How to Flirt with the final bossWhere stories live. Discover now