"နိုးလာပြီလား" Zen မျက်လုံးတို့အားတင်းဖွင့်ကြည့်မိသည့်အချိန်တွင် ပထိမဆုံးအနေနှင့် ထိုအသံကို ကြားရလေသည်။ ထို့နောက် ယိုယွင်းအိုဟောင်းနေသော မျက်နှာကျက်ကို မြင်လိုက်ရပြီး ခါးသက်လှသည့်ဆေးအနံ့တို့က နှာဖျားဝတွင် ကလူကျီစယ်နေကြသည်။ ထိုအထဲမှ သူ့၏အာရုံကို ဖမ်းအစားနိုင်ဆုံးမှာ နိုးနိုးချင်းကြားလိုက်ရသည့် ကြည်လင်ပြီးနာဝင်ချိုလှေသာ မိန်းကလေးအသံပင်ဖြစ်သည်။ ခန္ဓာကိုယ်ရှိ ဒဏ်ရာများကြောင့် လှုပ်လို့ပင်မရလေရာ လှည့်ကြည့်ကာ မျက်လုံးနှင့်အတည်ပြုဖို့ဆိုသည်မှာ ပိုလို့ပင် ခက်ခဲလွန်းပါသည်။ သို့တိုင် တစ်ဖက်လူမှာ Momoko ဖြစ်ကြောင်းကိုတော့ သံသယမရှိ အတပ်ပြောနိုင်လေသည်။
"ဘယ်ခေတ်ရောက်ပြီမို့လို့လဲ။ ဆေးကို ဒီလိုမျိုး အရည်ကျိုသောက်ရမှဖြစ်မှာလား"
"ဘာလို့ဆို အရင်းအမြစ်တွေ အကုန်ဖျက်ဆီးပစ်လိုက်ပြီမို့လို့"
ကသိကအောက်ဖြစ်စရာ လေထုကို လျော့နည်းသွားစေရန် အရွှန်းဖောက်လိုက်တာပေမဲ့ momoko ကတော့ သူ၏မရယ်ရသောဟာသအပေါ် ဘာထင်မြင်ချက်မှမရှိပုံပေ။Zen လည်း အခြေအတေကိုလက်ခံရုံကလွဲပြီး မရှိတော့တာကြောင့်
"ဘယ်လောက်ကြာသွားပြီလဲ"
"15ရက်" ဆိုလိုရင်းမရှင်းလင်းသော အမေးစကားဖြစ်သည့်တိုင် သူမတို့နှစ်ယောက်ကြားဆက်ဆံရေးမှာ နက်နဲလွန်းမက နက်နဲလွန်းခဲ့ဖူးလေရာ ဒီလောက်ဝါကျအတိုကလေးက ပဟေဠိမဖြစ်ပါပေ။ သို့သော်ငြား ထိုသူမေ့မျောနေသော လဝက်နီးပါးကာလအတွင်း သူမက ဖျက်ဆီးရေးနတ်ဘုရားမဆိုသည့် လူတွေလှောင်ပြောင်စရာ ဂုဏ်ပုဒ်ပင်ရနေပြီဖြစ်ကြောင်းတော့ မရှင်းပြချင်ပေ။
"15ရက်နဲ့ ကမ္ဘာကိုပြောင်းပြန်လှန်ပစ်ခဲ့တယ်။ မင်းဒီလောက်တော်မှန်း ကိုယ်မသိခဲ့ရပါလား" Zen ထိုစကား ပြောပြီးနောက် ချောင်းတဟွတ်ဟွတ်ဆိုးကာ သီးတော့သည်။
"ဒီလိုတွေဖြစ်လာမှာကို ရှင်ကြိုမသိခဲ့ဘူးလို့တော့ မပြောနဲ့" Momoko ရေခွက်အား Zen လက်ထဲထည့်ပေးရင်းမှ ပြောလိုက်သည်။
YOU ARE READING
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး