Chapter - 1

1.3K 131 124
                                    

[Unicode]

December 1,

၂၄ နာရီစတိုးဆိုင်လေးထဲတွင် သူ ရှိနေသည်။ အချိန်မှာ ည တစ်နာရီကျော်လောက်ရှိမည်။ ဒီဇင်ဘာလကို ကူးပြောင်းလာတာ တစ်နာရီ‌ကြာပြီပေါ့။

" Hello December " ဆိုသည့် ဆိုင်းဘုတ်လေးကို cashier မလေးက စတိုခန်းထဲမှ ထုတ်လာကာ ဖုန်များသုတ်နေသည်ကိုတွေ့ရ၍ ခေါက်ဆွဲတစ်ဘူးနှင့် ဆိုဂျူတစ်ဘူးကိုယူပြီး ပိုက်ဆံ‌ရှင်းရန် သူ သွားလိုက်သည်။

" အချိန်အရဆိုရင်တော့ ဒီဇင်ဘာ တစ်ရက်နေ့ပဲ ၊ ဘာ ပရိုမိုးရှင်းရှိတာလဲ? တစ်ခုဝယ် တစ်ခုအလကားက လွဲပြီးတော့ "

" အဲ့ဒါက ... ကျွန်မလည်း သေချာမသိသေးပါဘူး။ မနက်မှ မန်နေဂျာက တရားဝင်ပြောပြမှာမို့ပါ "

" ပြောချင်တာက အခုက ဘာမှ discount မရှိဘူးပေါ့ "

" ဟုတ်ကဲ့ အဲ့ဒီလိုပါပဲ "

သူ နှုတ်ခမ်းတစ်ချက်မဲ့ပြလိုက်တော့ ‌cashier မလေးက အားနာသွားဟန်ဖြင့် sausage တစ်ချောင်း အလကားပေးမည်ဟုဆိုလာသည့်အခါတွင်လည်း သူ မငြင်းပါ။ ဘာပဲဖြစ်ဖြစ် ပရိုမိုးရှင်းတစ်ခုခုတော့ရှိရမယ်လေ။ ဒီဇင်ဘာရောက်နေပြီပဲဟာ။

အိမ်မှာစားစာရာကုန်သွားသည့်အတွက် ဒီလိုအချိန်မျိုးမှာ စတိုးဆိုင်ကို သူရောက်နေခြင်းပင်။ တစ်ပတ်လောက် အိမ်တွင်းအောင်းပြီး အလုပ်ထဲစိတ်နစ်လိုက်တာ ရေခဲသေတ္တာထဲ ရှိသမျှလဲ ပြောင်ရောပဲလေ။

ဆိုင်အတွင်းမှာ ပြုလုပ်ထားသည့် ခုံတန်းလေးတွင်ပဲ ထိုင်ကာ ရေနွေးထည့်ထားသည့်ခေါက်ဆွဲဘူးကို စားရန် စောင့်နေလိုက်သည်။ မှန်အကြည်များကာရန်ထားသည့် စတိုးဆိုင်၏အပြင်ဘက်ကိုကြည့်လိုက်သည့်အခါ နှင်းလေး တဖွဲဖွဲကျနေ၏။

" Hello December ... "

သူ့နှုတ်ကနေ တိုးတိုးရေရွတ်လိုက်သည်။ ဒီဇင်ဘာသည် သူ့မွေးလ ဖြစ်သည်။ ထို့ကြောင့် ဒီဇင်ဘာရောက်လာပြီဆိုသည့် အသိစိတ်က သူ့ကိုပြုံးစေသည်။ အေးစက်တဲ့ဒီဇင်ဘာလမှာ မွေးဖွားခဲ့ပေမယ့် သူက‌ နွေးထွေးတဲ့ကောင်လေးတစ်ယောက်ပါ။ လူတွေကတော့ သူ့ကို ထိုသို့မထင်ကြပေမယ့်။

Hello December [ Completed ]Where stories live. Discover now