Chapter - 5

492 99 51
                                    

[Unicode]

" တကယ်ပဲ တရားခံရဲ့မျက်နှာကို မမြင်လိုက်ဘူးပေါ့ "

" မဟုတ်သေးဘူးလေ။ ကြည့်ရတာ ခင်ဗျားတို့နှစ်ယောက်ကရင်းနှီးပုံပဲ "

" တရားခံကို ကာကွယ်ပေးနေမယ်ဆိုရင် ခင်ဗျားပါ ဒုက္ခရောက်နိုင်တယ်နော် ဂင်ထယ်ဟျောင်းရှီး "

လက်သီးများ တင်းနေအောင် သူဆုပ်ထားမိလျက်။ မေးကြောများထောင်လာသည်အထိ အံကိုတင်းတင်းကြိတ်ထားမိသည်။ တရားခံတဲ့ ၊ သိပ်ရယ်ရတာပဲ။

" ကျွန်တော် တရားခံအဖြစ်တိုင်ချက်ဖွင့်ခဲ့တာက ဂူဟယ်ဂျွန်းဆိုတဲ့ကောင်ကိုပါ "

" အဲ့ဒါကို သိတယ်။ ဘယ်နှခါလောက်တောင်ပြောနေမှာလဲ။ ဂင်ထယ်ဟျောင်းရှီးက ဂူဟယ်ဂျွန်းအပေါ် ဘယ်လောက်အထိနာကြည်းမလဲဆိုတာသိပေမယ့် အခုအချိန်မှာ သူက တရားခံတစ်ဖြစ်လည်း နစ်နာသူပဲ။ ကျွန်တော်တို့ဘက်က တာဝန်အရမေးမြန်းရမှာမို့ သေချာလေးဖြေပေးနိုင်မလား။ တကယ်ပဲ မြစ်ထဲခုန်ချသွားတဲ့ တရားခံရဲ့မျက်နှာကို မမြင်လိုက်ဘူးလား "

" ဟုတ်ကဲ့ ။ မမြင်လိုက်ပါဘူး "

တည်ကြည်နေခဲ့သော သူ့ရဲ့အသံတွင် ရဲတွေခေါင်းကုပ်ကုန်ကြသည်။ သူ ထင်သလောက်ဆို အသက်မပြည့်သေးသူဖြစ်သည့် ကောင်လေးတွင် နိုင်ငံသားကတ်လည်းရှိပုံမရပါ။ မျက်နှာကို မြင်လိုက်တဲ့သူလည်းမရှိဘူးဆိုရင် ကောင်လေးက လူသတ်သမားဆိုသည့်ဇာတ်ရုပ်ကို ဖုံးကွယ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

အကယ်၍ တစ်ယောက်ယောက်က ကောင်လေး၏သရုပ်မှန်ကို သိနေခဲ့ရင်ရော?

ယူဆောင်း!

ထိုင်နေရာက ချက်ချင်း ထရပ်မိသွားသည့်အခါ ရဲများက သူ့ကိုကြည့်လာခဲ့သည်။

" ဘာလဲ? တရားခံနဲ့ပတ်သက်တာ တစ်ခုခု သတိရသွားပြီလား "

" ယူဆောင်း .... အဲ့ဒီ့ကောင်လေးရော ဘာပြောသေးလဲ "

" ဂူဟယ်ဂျွန်းဘက်ကလူကိုပြောတာလား? သူက အခုဆေးရုံမှာ။ စိုးရိမ်စရာတော့မရှိဘူး။ တရားခံနဲ့ပတ်သက်ပြီးတော့ သူလည်းဘာမှမသိဘူးတဲ့။ "

Hello December [ Completed ]Where stories live. Discover now