Chapter - 4

502 100 50
                                    

[Unicode]

December 31,

နောက်ဆုံးတော့ ဒီဇင်ဘာ၏ အဆုံးသတ်နေ့ရက်ကို ရောက်ရှိလာခဲ့ပြီ။ နှစ်တစ်နှစ်၏ နောက်ဆုံးရက်သည် နိုင်ငံတကာအားလပ်ရက်ဖြစ်သည့်အလျောက် နေရာတိုင်းတွင် လူစည်ကားလျက် နှစ်သစ်ကိုကြိုဆိုနေဟန်ပုံဖော်နေကြသည်။

ဆောင်းရာသီက ပိုအေးလာသည်။ သူ့ရင်ထဲတွင် ပူလောင်နေခဲ့သည်။ ဒီနေ့ဖြစ်ပျက်မည့် ကိစ္စကြီးတစ်ခုကို ကြိုတွေးရင်း စိတ်လှုပ်ရှားနေခဲ့ရသည့် သူသည် ဒီဇင်ဘာ၏အေးချမ်းမှုနှင့် မလိုက်ဖက်စွာ ဇောချွေးတွေပင်ပြန်နေရသည်။

လက်ကနာရီကို ကြည့်လိုက်တော့ ညနေ ၅ နာရီ။ မိနစ်အနည်းငယ်အတွင်းမှာ ထိုကိစ္စကို သူရင်ဆိုင်ရတော့မည်။

" ဒီနေ့ ဘယ်မှမသွားလို့မရဘူးလား "

ကောင်လေး၏အမေးဖြစ်သည်။

" မျက်နှာက ဒဏ်ရာတွေက လောလောလတ်လတ်မနေ့ကမှ ရထားတာကို အပြင်မထွက်လို့မရဘူးလား။ အပြင်မှာ အေးနေတယ်လေ ပြီးတော့ ဒီအချိန်ကြီးမှ "

ကောင်လေးသည် အပြင်သွားရန်ပြင်ဆင်နေသည့် သူ့အနား ‌ လမ်းလျှောက်တတ်ကာစကလေးလေးက မိခင်သွားရာနောက် တကောက်ကောက်လိုက်သကဲ့သို့ လိုက်ကပ်နေ၏။ သူ့ရဲ့အင်္ကျီအောက်အနားစလေးကိုလည်း မရဲတရဲလေးဆွဲထားသေးတာ။ ဆူပူနေသည့်လေသံမဟုတ်ဘဲ တောင်းဆိုနေဟန်ဖြင့် ကောင်လေး၏အသံက တိုးဖျော့လွန်းသည်။

" ကိုယ် အရမ်းမကြာပါဘူး။ လုပ်စရာကိစ္စပြီးတာနဲ့ မင်းလေးဆီကို အပြေးပြန်လာမှာ "

" ကျွန်တော့်ကို ထပ်မလိမ်ပါနဲ့။ မနေ့ကလည်း မြန်မြန်ပြန်လာမယ်လို့ ပြောခဲ့ပြီးတော့ "

" မလိမ်ရပါဘူးကွာ။ နောက်နှစ်ကို မင်းလေးနဲ့အတူသွားမှာမို့ ကိုယ့်ကိုစိတ်မပူနဲ့ ဟုတ်ပြီလား "

" ဘယ်လိုလုပ်ပြီး စိတ်မပူဘဲ နေရမှာလဲ။ ဒီလောက်ဒဏ်ရာတွေရထားတာကို ထပ်ပြီး ထိခိုက်လာမယ်ဆိုရင် ကျွန်တော်အတည်စိတ်ဆိုးရလိမ့်မယ်။ ဦးလေးကြီးကို ထပ်ပြီး သနားမယ်တော့ မထင်လိုက်နဲ့! "

ဂျစ်တူးလေးက တကယ်ဂျစ်တိုက်နေသည်။ နှုတ်ခမ်းလေးတွေပင် စူထော်လာသည်အထိ သူ့ကိုစိတ်ကောက်ပြနေ၏။ စိတ်ကောက်နေသည့် ယုန်စုတ်လေးကို ပုခုံးနှစ်ဖက်မှဆွဲကိုင်ကာ အသာထိန်းရင်း ကုတင်ခြေရင်းပေါ်ထိုင်စေလိုက်သည်။ ကောင်လေး၏ပုခုံးကို ကိုင်ထားဆဲပဲ ခါးကိုကိုင်းကာ ကောင်လေးမျက်နှာကို သူက ကြည့်လိုက်သည်။

Hello December [ Completed ]Where stories live. Discover now