Chapter - 3

548 99 46
                                    

[Unicode]

December 25,

လူတိုင်း မျှော်လင့်နေခဲ့ကြသည့် ခရစ်စမတ်နေ့သို့ ရောက်လာခဲ့ပြီဖြစ်သည်။ မိသားစုများ ၊ ချစ်ခင်ရသူ သူငယ်ချင်းများနှင့် တွေ့ဆုံကာ စားသောက်ပွဲများ ပြုလုပ်ရင်း ၊ လက်ဆောင်ပစ္စည်းများလဲလှယ်ရင်းဖြင့် အချိန်ကုန်ဆုံးရသည့် ခရစ်စမတ်နေ့သည် ဒီဇင်ဘာလ၏ ရက်များထဲမှ တစ်ရက်ဖြစ်သည်။

ဒီနှစ် ခရစ်စမတ်သည် သူ့အတွက်တော့ အထူးခြားဆုံးဖြစ်သည်။ အရင်နှစ်တွေနှင့်မတူဘဲ သူ့ဘေးနားတွင် ကောင်လေးရှိနေခြင်းသည် ဆန်တာကလော့စ်ကပေးသည့် ခရစ်စမတ်လက်ဆောင်များဖြစ်နေလေမလား။ ခရစ်စမတ်သစ်ပင်ကို စိတ်ရှည်လက်ရှည်အလှဆင်နေသည့်ကောင်လေးကို ကြည့်ပြီး သူ့ရင်ထဲတွင် ကြည်နူးရသည်။

လတိုင်းက ဒီဇင်ဘာဖြစ်နေရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ။

" ဒီလောက်ဆို ရပြီမလား ဦးလေးကြီး "

ကောင်လေး အလှဆင်ပြီးသွားသည့် ခရစ်စမတ်သစ်ပင်ကို တစ်ချက်ကြည့်လိုက်တော့ လုံးဝပြည့်စုံနေပြီဖြစ်သည်။

" အင်း ရပြီ "

" ကျွန်တော် တော်တယ်မလား "

" တော်တာပေါ့။ ကိုယ့်ရဲ့ ဂျစ်တူးလေးက သိပ်ကိုတော်တာ "

" ဟီးဟီး ပူဖောင်းတွေလည်း မှုတ်ရဦးမှာပဲ "

" ပူဖောင်းက ဘာလို့မှုတ်မှာလဲ? နှစ်ပတ်လည်လည်းမဟုတ်ဘဲနဲ့ "

" ပူဖောင်းလေးတွေနဲ့မှ ခရစ်စမတ်က ပိုလှမှာပေါ့ "

သူ တစ်ခါမှ မကြားဖူးတာတွေ ဒီကောင်လေးက ပြောနေပြန်ပါပြီ။ ခရစ်စမတ်နေ့စားပွဲလုပ်ရင် ပူဖောင်းတွေပါရမယ်လို့ ဒီကောင်လေးကို ဘယ်သူကများ သင်ပေးလိုက်လေသလဲ။ မျက်စိရှေ့ကိုရောက်လာသည့် ခရမ်းရောင်ပူဖောင်းထုပ်ကြီးကြောင့် သူ့မှာကြောင်အနေရသည်။

" ကိုယ် က မှုတ်ရမှာလား ? "

" ဦးလေးကြီးမမှုတ်လို့ မှုတ်မယ့်သူ ဘယ်သူရှိသေးလို့လဲ "

" မင်းလေးကရော? "

" ကျွန်တော့်မှာ လုပ်စရာတွေရှိသေးတယ်။ အစားအသောက်တွေပြင်ဆင်ရဦးမယ် ၊ ရေချိုးရဦးမယ် ၊ ခေါင်းလျှော်ရဦးမယ်။ အစကနေ အခုထိ အလှဆင်တာကို ကျွန်တော်ပဲလုပ်လာတာလေ။ ဘာမှမလုပ်ဘဲ ဘေးကနေယောင်နေတာ ဦးလေးကြီး မဟုတ်ဘူးလား။ ပူဖောင်းတွေတော့ ဦးလေးကြီးပဲ မှုတ်လိုက်တော့။ "

Hello December [ Completed ]Where stories live. Discover now