𝙴𝚙-2

2.5K 255 5
                                    

*𝚄𝚗𝚒𝚌𝚘𝚍𝚎*

ဒီလိုနဲ့ Jeon Jungkookဆိုတဲ့ သူဟာ Kim Jungkookဆိုတဲ့ နာမည်ကိုရောက်ရှိလာတာ တစ်လတောင်ရှိသွားပြီလေ....

ထိုလူကြီးစီမှာနေရတာ သူ့အတွက် ကံကောင်းတာလား ကံဆိုးတာလား သူကိုယ်တိုင်တောင်မသိပေ....သူဒီအိမ်ကိုရောက်ပြီး နောက်နေ့မှာဘဲ ရှေ့နေနဲ့တကွ တရား၀င်မွေးစားခဲ့သည်....

မပျော်ဘူးလားဆိုရင် လိမ်ရာကျမှာပေါ့...ဒါဆို ပျော်တာလားဆိုတော့လဲမဟုတ်...သူအရင်ကသူဌေးဖြစ်ရင် လွတ်လွတ်လပ်လပ်နေရပြီလို့ တွေးခဲ့ဖူးတယ်....သူထင်သလိုတော့မဟုတ်ခဲ့ အခုများတော့ သူ့အတွက်ဖိအားတွေဘဲများနေခဲ့သည်...

အသက်၁၂နှစ်အရွယ်ကောင်လေးနဲ့မလိုက်အောင် သင်တန်းတွေကိုမနားမနေတက်ခိုင်းခဲ့သည်...မနက်၆နာရီစောစောထပြီး ရေမိုးချိုးပြင်ဆင် စားသောက်ပြီးတာနဲ့ ၇နာရီကနေ၈နာရီထိ အိမ်မှာဘဲ ဘာသာစကား online classတက်ရသည်...ကျောင်းက၉နာရီတက်တာဆိုတော့ သူ့အတွက်ကြားထဲ၁နာရီနားချိန်ရှိတယ်လို့ထင်နေရင်မှားမယ်...

အဲ့၁နာရီအတွင်း သင်ခဲ့တဲ့ဘာသာစကားကို ထိုလူကြီးနဲ့ပြန်ပြီးဆွေးနွေးရသည်....ကျောင်းသွားနေရင်းတန်းလန်းနဲ့ ကားပေါ်မှာပါ အနားမပေးဘဲ သင်ခန်းစာတွေကိုထိုလူကြီးနဲ့ဆွေးနွေးရပြန်တယ်....

ကျောင်းတစ်နေကုန်တက်ရတာကိုကျေးဇူးတင်ရမလိုပင် မဟုတ်ရင် သူ့အတွက်နားချိန်ဆိုတာမရှိ....၄နာရီကျောင်းကပြန်လာရင် အိမ်ကိုတန်းမပြန်ရဘဲ ကျောင်း၀တ်စုံနဲ့ပင် ကျူရှင်တက်ရပြန်သည်...၇နာရီထိုးမှအိမ်ကိုပြန်ရောက်ရင်လဲ မနက်ကအတိုင်း ထိုလူကြီးနဲ့ သင်ခဲ့တဲ့ကျောင်းစာတွေ ကျူရှင်စာတွေကို တစ်ဖန်ပြန်ဆွေးနွေးရပြန်သည်....

၀မ်းစာရေးအတွက်မခက်ခဲတော့ပေမဲ့ အရင်ကထက်တောင်ပင်ပန်းတာကြောင့် တစ်ခါတစ်လေ ထိုလူကြီးနဲ့မတွေ့ခဲ့ရင်ကောင်းသားလို့တွေးမိသားဗျ...တစ်ခြားကျောင်းသားတွေလို အိပ်ချိန်တန်မအိပ်ရ၊ နားချိန်တန်မနားရတဲ့ဘ၀ကို ငြီးငွေ့ဖို့အချိန်တောင် သူ့မှာမရှိပေ.....တစ်ခုတော့ထိုလူကြီးကကောင်းတယ်ဗျ အဲ့တာကပွင့်ပွင့်လင်းလင်းပြောလို့ရတယ်လေ...

♡︎D̸o̸ Y̸o̸u̸ L̸o̸v̸e̸ M̸e̸♡︎ ///🅲︎🅾︎🅼︎🅿︎🅻︎🅴︎🆃︎🅴︎///Where stories live. Discover now