𝙴𝚙-4

2.1K 238 9
                                    

*𝚄𝚗𝚒𝚌𝚘𝚍𝚎*

"Jayy!!!အကို့ကိုစောင့်ပါအုံး"

စိတ်ဆိုးနေသည့်ဂျေးအားချော့ရန် မနက်အစောကြီးထပြီးချော့ချင်ပေမဲ့ Daddyကကျူရှင်ပျက်ရင်မကြိုက်တာမို့ ကျောင်းသွားတဲ့အခါမှချော့ရန်စဥ်းစားထားသည်...

ဒါပေမဲ့ ကျောင်းရောက်ပြီဆိုထဲက သူ့အားစကားမပြောသည့်ဂျေးသည် တော်တော်စိတ်ဆိုးနေတာဖြစ်မည်...တစ်ဦးတည်းသောညီလေးမို့ ကိုယ့်အားစိတ်ဆိုးနေတာမျိုးမဖြစ်စေချင်ပါ...

အခုတောင် သူ့အားအရေးမလုပ်ဘဲ အတန်းထဲကသူငယ်ချင်းတွေနဲ့စကားပြောနေသည့်ဂျေးအားကြည့်ပြီး နေ့လည်စားဆင်းချိန်ကျမှချော့ရန်တွေးလိုက်တော့သည်...

အခန်းအပြင်ကအရိပ်ကလေးမတွေ့တော့မှသူလဲ သက်ပြင်းချမိသည်...ကျောင်းရောက်ထဲကသူ့နောက်တစ်ကောက်ကောက်လိုက်ကာ ချော့နေသည့်အကို့အား သူမသိချင်ယောင်ဆောင်ထားမိသည်...ကိုယ့်ထက်ပိုပြီး သံယောဇဥ်ရှိတဲ့သူရှိသွားပြီလားဆိုသည့် အတွေးဟာ သူ့အားခြောက်လန့်နေတော့သည်...

"မင်းအကိုနဲ့ရန်ဖြစ်ထားတာလားJayy"

အတွေးတွေဘယ်လောက်တောင်လွန်နေသည်မသိ ဘေးကအတူတူထိုင်တဲ့သူငယ်ချင်းစကားလာပြောမှသူလက်ရှိအခြေအနေကိုသတိရတော့သည်...

"ဟမ် အွန်းဆိုပါတော့"

သူ့စကားကြောင့် ထိုလူကလဲဘာစကားမှမပြောတော့ဘဲ ခေါင်းငြိမ့်ပြပြီး တစ်ခြားသူငယ်ချင်းတွေနဲ့စကားပြောနေတော့သည်...သူနှင့်အကိုနဲ့အား ညီအစ်ကိုအရင်းတွေလို့ တစ်ခန်းလုံးကထင်နေကြသည်လေ...ဒါတွေဟာလဲ ဘယ်သူ့ကြောင့်ထင်သွားလဲဆိုတာသူမသိ...သူကိုယ်တိုင်လဲမပြောဖူးသလို အကိုကလဲတစ်ခါမှမပြောဖူးဘူးလေ...ညီအစ်ကိုဆိုတဲ့ခေါင်းစဥ်ကြောင့် သူတို့နှစ်ယောက်အား အထင်လွဲမှုတစ်ချို့တစ်လေလေးတောင်မရှိပေ......

-----

ဒေါက်~ဒေါက်~ဒေါက်..

"၀င်ခဲ့!"

"CEO...ဒီမှာCEOစုံစမ်းခိုင်းထားတဲ့အချက်အလက်တွေပါ"

Lainကမ်းပေးလာသည့် အ၀ါရောင်ဖိုင်စာရွက်လေးအား အကြောပြိုင်ပြိုင်ထနေသလို သွယ်လျရှည်လျားသည့် လက်ချောင်းတွေနဲ့ကင်မ်ယူလိုက်သည်...

♡︎D̸o̸ Y̸o̸u̸ L̸o̸v̸e̸ M̸e̸♡︎ ///🅲︎🅾︎🅼︎🅿︎🅻︎🅴︎🆃︎🅴︎///Donde viven las historias. Descúbrelo ahora