𝙴𝚙-9

1.8K 201 7
                                    

*𝚄𝚗𝚒𝚌𝚘𝚍𝚎*

ပိုက်ဆံအိတ်ကို အလည်လုပ်ပြီး ခါးပိုက်နှိက်သွားတဲ့ မင်းလေးကိုတွေ့ထဲက ကိုယ့်ရဲ့ရင်ခုန်သံတွေဟာ စည်းချက်မညီတော့ဘူးဆို သိနိုင်ပါ့မလား....ခါးပိုက်နှိက်ကိုမိတာနဲ့ ရဲစခန်းကိုပို့ဖို့ ကြံရွယ်ထားတဲ့ကိုယ်က မင်းရဲ့မျက်၀န်းတွေနဲ့တွေ့လိုက်တဲ့အခါ နိုးထလာတဲ့ ရင်ဘက်ထဲကအကောင်ကြောင့် သူကိုယ်တိုင်ထိန့်လန့်သွားတယ်ဆိုတာ ကောင်လေးသိနိုင်ပါ့မလား...

ကောင်လေးက်ို သူကိုယ်တိုင်စောက်ရှောက်ချင်တာကြောင့် မသေချာမရေရာတဲ့ကမ်းလှမ်းချက်ကို ကမ်းလှမ်းခဲ့ပေမယ့် မယုံသလိုမျက်၀န်းတွေနဲ့ကြည့်လာတဲ့ကောင်လေးကြောင့် ဘ၀မှာပထမဦးဆုံးအကြိမ် ​ယုံကြည်ချက်မရှိတဲ့ခံစားချက်၀င်လာခဲ့သည်....

ရက်အတော်အကြာမှာ ရောက်လာခဲ့တဲ့ကောင်လေးကြောင့် ဘယ်လောက်တောင် ၀မ်းသာခဲ့လဲဆိုတာ သူကိုယ်တိုင်ဘဲသိလိမ့်မည်...ကောင်လေးဘေးကနေ ကပ်ပါလာခဲ့တဲ့ဂျေးဆိုသည့်ကလေးအား တွေ့ထဲကစိတ်ထဲက မနှစ်မြို့ခြင်းဖြစ်လာတယ်လို့ပြောရင် သူ့ဘက်ကလွန်သွားမလား....

သူ့ရဲ့ပြုစုစောက်ရှောက်မှုအောက်မှာ ကောင်လေးတစ်ယောက်ကိုဘဲ ရှိစေချင်တာကြောင့် ပထမဦးဆုံးတောင်းဆိုလာတဲ့ ကောင်လေးရဲ့ဆန္ဒကို သူငြင်းပယ်ခဲ့သည်..ဒါပေမယ့် ၀မ်းနည်းသွားတဲ့မျက်၀န်းတစ်စုံကြောင့် ကောင်လေးနဲ့တူတူ အိမ်တော်၀င်းထဲမှာဘဲ နေထိုင်ဖို့ လိုက်လျောပေးခဲ့ရသည်...ကောင်လေးရဲ့ ကြယ်ရောင်တောက်ပနေတဲ့ မျက်၀န်း၀ိုင်း၀ိုင်းတွေကို ညိုးငယ်သွားစေတဲ့ ဘယ်အရာမဆို သူလက်မခံချင်ပေ....

ကောင်လေးကိုပေးတဲ့ပြစ်ဒဏ်ဟာ ကောင်လေးကိုသာမက သူ့ရဲ့နှလုံးသားကိုပါ နာကျင်စေတယ်ဆိုတာ သိနိုင်ပါ့မလား....ကျောက်စရစ်ပုံစံခင်းကြင်းထားသော ဖျာကြမ်းပေါ်တွင် ကောင်လေးနည်းတူ ပြစ်ဒဏ်ခံယူခဲ့တာကိုတော့ သူတစ်ယောက်တည်းသာလျှင်သိနိုင်လိမ့်မည်...

နေပူဒဏ်ကိုထိုးဖောက်ခွင့်မပြုထားတဲ့ အိမ်တော်တွင်းမှာမို့ သာမန်လူမခံစားနိုင်တဲ့ အဲကွန်းခန်းထဲမှာ အမြင့်ဆုံးအအေးချိန်နှင့် သူ့အားဒဏ်ခတ်စေခဲ့သည်....

♡︎D̸o̸ Y̸o̸u̸ L̸o̸v̸e̸ M̸e̸♡︎ ///🅲︎🅾︎🅼︎🅿︎🅻︎🅴︎🆃︎🅴︎///Where stories live. Discover now