𝙴𝚙-13

1.8K 184 7
                                    

*𝚄𝚗𝚒𝚌𝚘𝚍𝚎*

"ကောင်လေးဘာစားမလဲ.."

မျက်စိရှေ့ကမြင်ကွင်းအား ထူးဆန်းသဖွယ်ကြည့်နေသော သူ့အားမေးလာသည့်Daddyကြောင့် မျက်စောင်းထိုးနေရာတွင် တွန်းလှည်းလေးနဲ့ရောင်းနေသည့် ရေခဲမုန့်ဆိုင်လေးစီအကြည့်ရောက်မိသည်...

"ရေခဲမုန့်စားချင်တယ်Daddy"

"ok ဖြစ်စေရမယ်"

ကောင်လေးရဲ့ပါးအားဆွဲကာ ရေခဲမုန့်ဆိုင်ကိုလျှောက်လာလိုက်သည်....သူတို့နှစ်ယောက်အခုရောက်နေတာက ပဲရစ်မြို့ရဲ့ညစျေးလေးဖြစ်သည့် ပွဲတော်လေး​တစ်ခုတွင်ဖြစ်သည်.....လူငယ်ပုံစံ၀တ်ထားတဲ့သူတို့နှစ်ယောက်သည် ဒီနေ့မှပိုပြီးလွတ်လပ်နေသလိုပင်...ထိုညစျေးပွဲအားခေါ်လာတည်းက တစ်အံ့တစ်သြဖြစ်နေပုံသည့် ကောင်လေး၏ပုံစံသည် အလွန်ပင်အူယားစရာကောင်းလှပေသည်..

ပွဲဆိုသည့်အရာအား တစ်ခါမျှသာလည်ပတ်ခဲ့ဖူးသည့်သူ့အတွက် မျက်စိထဲ၀င်လာသမျှအရာမှန်သမျှသည် ထူးဆန်းသဖွယ်ဖြစ်ပေသည်....ပတ်၀န်းကျင်အားလှည့်ပတ်ကြည့်နေသည့်သူသည် မျက်စောင်းထိုးကရေခဲမုန့်ဆိုင်လေးတွင်ရှိနေသော လူသားအားတွေတွေလေးကြည့်နေမိသည်..

Daddyနှင့်အတူ ဒီလိုလွတ်လပ်သည့်ဘ၀ကိုဖြတ်သန်းတာဟာ ပထမဦးဆုံးပင်....အသက်၂၈နှစ်အရွယ်နဲ့မလိုက်အောင် ချောမောလှသည့် Daddyအားတစ်ခါတစ်လေစိတ်မချသည့်စိတ်များဖြစ်ရပေသည်...ရုပ်ရည်လဲပြည့်စုံသလို ဂုတ်အရည်အချင်းလဲရှိ၊ ပစ္စည်းဥစ္စာစသည့်အရာတွေနဲ့ အဘက်ဘက်ကပြည့်စုံနေသည့် Daddyအားပိုင်ဆိုင်ရသည်မှာ တစ်ခါတစ်လေဂုဏ်တောင်မောက်ချင်လာလိုပင်...

"ဒီနိုင်ငံသားမဟုတ်ဘူးထင်တယ်"

ရေခဲမုန့်စောင့်နေသော Daddyအားကြည့်နေရင်း ဘေးနားကနေပြောလာသည့် အဖွားအိုကြောင့် ငေးနေတာရပ်လိုက်တော့သည်...

"ဗျာ"

"အော် သားကဒီနိုင်ငံသားမဟုတ်ဘူးထင်တယ်"

"ဟုတ်တယ်အဖွား ကျွန်တော်ဒီကိုခဏအလည်လာတာ..."

"အဖွားကရှေ့ဖြစ်ဟောတဲ့လူတစ်ယောက်ပါ"

♡︎D̸o̸ Y̸o̸u̸ L̸o̸v̸e̸ M̸e̸♡︎ ///🅲︎🅾︎🅼︎🅿︎🅻︎🅴︎🆃︎🅴︎///Where stories live. Discover now