𝙴𝚙-11

1.8K 183 5
                                    

*𝚄𝚗𝚒𝚌𝚘𝚍𝚎*

"Top Companyနဲ့တွဲလုပ်မဲ့ projectကိုcancelလိုက်.."

"ဗျာ သေချာရဲ့လားသခင်လေး..ဒီတစ်ခေါက်ထုတ်ကုန်ကို အများကြီးမျှော်မှန်းထားကြတာနော်..."

"သေချာတယ် စာချုတ်ကိုဖျက်သိမ်းလိုက်...ရှယ်ယာရှင်တွေနဲ့Daddyကို ကျွန်တော်ကိုယ်တိုင်ပြောလိုက်မယ် အဲ့အတွက် အစည်းအဝေးခေါ်ထားပေးပါ...."

"ဟုတ်ကဲ့.."

ဒီတစ်ခေါက်ထုတ်မဲ့ထုတ်ကုန်က အကျိုးအမြတ်အများကြီးရနိုင်ပေမယ့် အရှုတ်အရှင်းတွေထပ်မဖြစ်အောင် ကြိုတင်ကွယ်ရမည်ဖြစ်သည်...Daddyသည် ကုမ္ပဏီရဲ့အရေးပါတဲ့လူတစ်ဦးမို့ ထိုလိုဇယားတွေရှိမလာနိုင်အောင်လုပ်ဆောင်ရမည်...

-----

"ဒီကိစ္စကိုကန့်ကွက်ပါတယ်.."

"ဘာလို့လဲဗျ"

"အကျိုးအမြတ်အများကြီးရမဲ့အလုပ်တစ်ခုကို မပြောမဆိုဖျက်သိမ်းလိုက်တယ်ဆိုတာ ဖြစ်သင့်ရဲ့လား...မောင်ရင်ရှယ်ယာရှင်တွေကိုအလေးမထားသလိုဖြစ်မနေဘူးလား.."

ထင်တဲ့အတိုင်း သူလုပ်ဆောင်လိုက်တဲ့ကိစ္စအား ရှယ်ယာရှင်တွေတိုင်းအပြိုင်ငြင်းဆိုကြပါသည်....Daddyကတော့ဘာမှမပြောဘဲ သူ့ရဲ့ဖြေရှင်းချက်ကိုစောင့်မျှော်နေဟန်...

"ကျွန်တော်မရည်ရွယ်ပါဘူးဗျ....အခုလိုလုပ်ရတာလဲ ကျွန်တော်တို့ကုမ္ပဏီကိုနာမည်မကျစေချင်တာကြောင့်ပါ..."

"မောင်ရင်ကဘာကိုဆိုလိုချင်တာလဲ...Top  Companyဆ်ိုတာ KIM Companyပြီးရင် အကြီးဆုံးကုမ္ပဏီဘဲနော်.."

"ဟုတ်ပါတယ် Top Companyက Koreaမှာထိပ်တန်း၀င်ပါတယ်..ဒါပေမယ့် နောက်ကွယ်မှာဘာတွေရှိနေလဲဆိုတာ ဒီကလူကြီးမင်းတို့သိနိုင်မှာလား..."

သူ့စကားကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားရတဲ့ ရှယ်ယာရှင်တွေကြောင့် သူပြုံးလိုက်မိပါသည်....နာမည်တွင်ကျယ်မှုရဲ့နောက်မှာ ဘယ်အရာတွေရှိနေလဲဆိုတာ သေချာမစုံစမ်းဘဲနဲ့ဇွတ်ယုံကြည်လို့မှမရတာ..

ကောင်လေးစကားကြောင့် သူမျက်ခုံးပင့်မိပါသည်....သူသည်စည်းစနစ်ကျတဲ့လူတစ်ဦးပေမယ့် နက်နဲတဲ့အရာထိတော့လိုက်ပြီး မစုံစမ်းတတ်ပေ...

♡︎D̸o̸ Y̸o̸u̸ L̸o̸v̸e̸ M̸e̸♡︎ ///🅲︎🅾︎🅼︎🅿︎🅻︎🅴︎🆃︎🅴︎///Where stories live. Discover now