Part-1

965 55 0
                                    

Unicode

"ဂျီမင်ရေ သားရေ လာတော့လေ ညနေစောင်းနေပြီ"

ဆော့နေရင်းကနေ မေမေ့ဆီက အသံကြားတာကြောင့် ဆော့လက်စကို ချကာ ဂျောင်ကုကို နှုတ်ဆက်ဖို့ ပြင်ရသည်

"ဂျောင်ကုရေ ငါပြန်တော့မယ် မေမေလည်း ခေါ်နေပြီ မင်းလည်း ပြန်တော့လေ ဘွားဘွားစောင့်နေမှာပေါ့"

"အင်း တူတူပြန်ရအောင်လေ"

"အေးအေး"

ထိုကလေးနှစ်ယောက်မှာ ဂျွန်ဂျောင်ကုနဲ့ ပတ်ဂျီမင်
မူလတန်းကလေးအရွယ်ကတည်းက ခင်ခဲ့ကြတဲ့သူငယ်ချင်းများဖြစ်ကြပြီး မိဘတွေကလည်း အချင်းချင်းသိကြသည်
ကျောင်းပိတ်ရက်တိုင်း တောင်ပေါ်သို့သွားကာ ထင်းရှူးပင်များအကြား ဆော့တတ်ကြသည်

သူတို့မြို့လေးမှာ ထင်းရှူးမြို့တော်ဟုတောင် လူအများက ခေါ်တွင်ကြသော နယ်မြို့လေးတစ်မြို့ဖြစ်သည်
ရာသီဥတုကလည်း သာယာသည်ဟု ပြောနိုင်သည်
နွေရာသီတွင်ပင် ရာသီဥတုက အရမ်းမပူတာကြောင့် နေရသည်မှာ အဆင်ပြေလှသည်

ဂျီမင်တို့မိသားစုက မြို့ပေါ်ကနေ သူတို့ဘက်သို့ စီးပွားရေးအဆင်မပြေတာကြောင့် ပြောင်းလာသည်ဟု ဂျောင်ကုကြားဖူးသည်
စစရောက်ချင်းတွင် မြို့သားလေးဂျီမင်က ဒီကရာသီဥတုဒဏ်ကို မခံနိုင်သောကြောင့် ခဏခဏဖျားသည်
ရောက်လာသည်က ဆောင်းတွင်းဖြစ်တာကြောင့်လည်း ပါသည်
ဒီမြို့လေးက ဆောင်းတွင်းဘက်ဆို အပူချိန်က -°အထိပါ ကျတတ်သည်
အသားမကျသေးတဲ့သူအဖို့တော့ ဒီရာသီဥတုက ဒုက္ခကြီးတစ်ရပ်လိုပေါ့

ရောက်ပြီး နှစ်နှစ်၊သုံးနှစ်လောက်အကြာမှာတော့ ဂျီမင်အသားကျသွားပြီ

ဂျီမင့်အတွက်လည်း သူငယ်ချင်းက သူတစ်ယောက်ပဲရှိသလို သူ့အတွက်လည်း သူငယ်ချင်းက ဂျီမင်တစ်ယောက်ပဲရှိသည်
ဘာကြောင့်ရယ်တော့မသိ
တစ်နေ့ သူ့ဆီက ဂျီမင်ထွက်သွားမှာလားဟု တွေးမိတိုင်း မျက်ရည်တွေကျမိသည်
သူကိုယ်တိုင်ကလည်း အဖော်တွယ်တာ ပါပါလိမ့်မည်

ဂျီမင်နဲ့တူတူ တောင်ပေါ်က ဆင်းလာရင်း အတွေးတွေနယ်ချဲ့လာသည်မှာ တော်တော်တောင် ကြာသွားသည်
ဂျီမင်ခေါ်သည်ကိုတောင်မကြားမိ

မင်းရှိတဲ့မြို့♡︎Where stories live. Discover now