Part-4

304 40 0
                                    

Unicode

"ပတ်ဂျီမင် ဒါ ဘာလဲ"

ဂျောင်ကုနဲ့အတူတူအိမ်သို့ပြန်လာခဲ့ပြီး အိမ်ထဲသို့ရောက်သည်နှင့် ကျွန်တော့်ရဲ့ ဒိုင်ယာရီစာအုပ်ကို ကိုင်ကာ ကျွန်တော့်ကို စီးကြိုနေတဲ့ ဖေဖေ

မဟုတ်မှလွဲရော ဖေဖေများ ဒိုင်ယာရီစာအုပ်ကို အကုန်ဖတ်လိုက်လေသလား

မဖြစ်ပဲ
အဲ့ထဲမှာ သူနဲ့ဂျောင်ကုအကြောင်းတွေချည်းပဲမို့ ဖေဖေသိလို့ လုံးဝမဖြစ်ပါ

"ဖေဖေ အကုန်သိသွားတာလား"

"မင်းက ဘာကို မေးတာလဲ ဒီဒိုင်ယာရီစာအုပ်အကြောင်း အကုန်သိသွားပြီလားလို့ မေးတာလား မင်းနဲ့ ဂျောင်ကုအကြောင်း သိသွားပြီလားလို့ မေးတာလား"

"ဒုတိယတစ်ချက်ကို မေးတာပါ ဖေဖေ"

"ပတ်ဂျီမင် မင်း မင်း ငါတို့မျိုးရိုးကို အရှက်ခွဲတဲ့ကောင် ဒီကိစ္စကို အမျိုးတွေသာ သိသွားကြည့် ငါ့ကို ဘယ်လောက်တောင်လှောင်ကြမလဲ ဟမ် ပတ်ဂျုံးဟိုရဲ့သား ပတ်ဂျီမင်က အခြောက်တစ်ယောက်ပါ ယောက်ျားတစ်ယောက်နဲ့ ကြိုက်နေတာပါလို့ သူတို့သိသွားကြရင် ငါအမျိုးတွေကြား ဘယ်လိုမျက်နှာသွားပြရမလဲ ဟမ် ဖြေစမ်းပါဦး"

"ဖေဖေ သားတို့နှစ်ယောက်ချစ်ကြိုက်ကြတာ ဘယ်သူ့ကိုများ ဒုက္ခပေးသလိုဖြစ်နေလို့လဲ လူအချင်းချင်းချစ်ကြတာပဲ မင်္ဂလာတောင်ရှိသေးတဲ့ဟာကို အဖေတို့က ဘာတွေဖြစ်နေကြတာလဲ ယောက်ျားချင်းဖြစ်နေလို့လား အချစ်မှာ ကျားတွေ မတွေ မရှိဘူး ဖေဖေ သားနဲ့ဂျောင်ကုဆိုတာ မူလတန်းကတည်းက စပြီးသိလာကြတာမို့ တစ်ယောက်အကြောင်းတစ်ယောက်လည်း သိပြီးသား အကြောင်းမသိတဲ့သူတစ်ယောက်ကိုလည်း သားက မတွဲပါဘူး"

"တွေ့လား တွေ့လား မိန်းမ ငါ့ကို သူ့အကောင်ကြောင့် ခံပြောနေတာ"

"ဖေကြီးရယ် စိတ်လျှော့ပါ သားကလည်း ဖေဖေ့ကို အဲ့လိုတွေ မပြောရဘူးလေ"

"ဖေဖေတို့အနေနဲ့လည်း ဂျောင်ကုကို သမက်အဖြစ်လေးတောင် သဘောမထားနိုင်တော့ဘူးလား သား ဖေဖေတို့ စကားကို ဘဝတစ်လျှောက်လုံး နားထောင်လာခဲ့တာပဲ တစ်ဘဝလုံး သားဆန္ဒဆိုတာ ခပ်ရှားရှားရယ် ဒီတစ်ခေါက်တော့ ကျေးဇူးပြုပြီး သားဆန္ဒအတိုင်း လုပ်ခွင့်ပေးပါ ဖေဖေ"

မင်းရှိတဲ့မြို့♡︎Where stories live. Discover now