Part-3

334 37 0
                                    

Unicode

L Loon Warရဲ့ ဆောင်းအိပ်မက် နားထောင်ပြီးဖတ်ဖို့ အကြံပြုချင်ပါတယ်ရှင့်

~~

"ငါ မင်းကို ချစ်တယ် ဂျီမင်"

ရုတ်တရက်ကြီးcrushက ရည်းစားစကားပြောလိုက်သည့်အချိန်တွင် ကြောင်အအဖြစ်သွားရသူက ဂျီမင်

သူ့အနေနဲ့ ဂျောင်ကုအပေါ်မှာရှိနေတဲ့ သူ့ရဲ့ခံစားချက်တွေကို မြိုသိပ်ထားပြီး ဖျောက်ဖျက်လိုက်ရန် ကြံစည်နေသည့်အချိန်မှာမှ ဂျောင်ကုက surpriseဖြစ်အောင် သိပ်လုပ်တတ်သည်

"ဂျောင်ကု မင်းသေချာရဲ့လား"

"အလယ်တန်းနောက်ဆုံးနှစ်ကျောင်းသား အသက်၁၅နှစ်လောက်ပဲရှိသေးတဲ့ သူတစ်ယောက်က ရည်းစားစကားပြောတာဆိုတော့ မင်းအနေနဲ့ စိတ်ကစားပြီး ပြောတာလို့လည်း ထင်ချင်ထင်နိုင်တယ် ဒါပေမယ့် မင်းနဲ့ ၅နှစ်နီးပါးလောက် ခင်လာတဲ့ သူငယ်ချင်းကိုတော့ မင်းယုံလိုက်ပါ ငါက အဲ့လို စိတ်ကစားရုံလောက်နဲ့တော့ အခုလို ရည်းစားစကားမပြောတတ်ဘူးဆိုတာ မင်းလည်းအသိပဲ

ငါ ဒီစကားကို ဖွင့်ပြောဖို့အတွက် အချိန်တွေအများကြီးယူခဲ့ရတာ မင်းနဲ့စကားတစ်ခွန်းနှစ်ခွန်းလောက်ပဲ ပြောခဲ့ရတဲ့နေ့တွေတုန်းကဆို ငါ့မှာ သေမတတ်ပဲ အဲ့တာကြောင့် မင်းကို အတတ်နိုင်ဆုံး ငါချော့ဖို့ ကြိုးစားတယ် ဒါပေမယ့် ငါနောက်ကျပြီး မင်းက အရင်ချော့သလိုဖြစ်သွားတဲ့အတွက်လည်း ငါတောင်းပန်ချင်တယ်

ဒီစကားပြောမိတာ ငါတို့နှစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဉ်တော့ မပြတ်လောက်ဘူးမလား ဂျီမင်"

"ဂျောင်ကု မင်းက လောကကြီးကို လွယ်လွယ်လေးမြင်နေတာပဲ"

"ဟမ် မင်း ဘာကိုဆိုလို"

"ငါတို့နှစ်ယောက် အခုလို တွဲသွား၊တွဲလာလုပ်နေတာကိုတောင် လူတွေကို တိုးတီး တိုးတီးနဲ့ အတင်းအဖျင်းစကားတွေ တောက်လျှောက်ကြားနေရတာကို တကယ်သာတွဲသွားကြည့် ပတ်ဝန်းကျင်က ဘယ်လောက်ထိုးနှက်ကြမလဲ ငါတို့နှစ်ယောက်လုံးက ယောက်ျားလေးတွေနော်"

"ငါအစကတည်းက အကုန်လုံးကို တွေးပူခဲ့မိတယ် ဂျီမင် ဒါပေမယ့် စိတ်ချပါ မင်းသာ ငါ့လက်ကို ရဲရဲကြီးဆုပ်ကိုင်လိုက် ငါမင်းကို တစ်ဘဝလုံး ကာကွယ်ပေးပါမယ်ဆိုတာကို ‌မိုးကောင်းကင်ကြီးနဲ့ ဒီတစ်တောလုံးမှာရှိတဲ့ ထင်းရှူးပင်တွေနဲ့တိုင်တည်ပြီး ငါပြောရဲပါတယ် ဂျီမင်"

မင်းရှိတဲ့မြို့♡︎Where stories live. Discover now