Part-5

491 46 0
                                    

Unicode

အထက်တန်းပြီးဆုံးသွားသည့်အချိန်တွင် ဂျီမင်သည် သူ့ဖေဖေ‌ပြောထားသည့်အတိုင်း Seoulတွင် ပညာသွားသင်ကြားရမည်

အစကတော့ "အထက်တန်းပြီးမှ သွားရမှာပဲ ပြီးဖို့ အဝေးကြီးလိုသေးတာကို" ဟု နှစ်ယောက်သား ပြောနေကြသော်လည်း တကယ့်တကယ် ခွဲရမည့်အချိန်တွင် နှစ်ယောက်သား နှာတရှုံ့ရှုံ့နှင့်
ဘယ်ခွဲချင်ပါ့မလဲ အခုမှ ချစ်သူဖြစ်ခါစလေးပဲ ရှိသေးတာကို
ချစ်သူဖြစ်ခဲ့သည့် နှစ်နှစ်ကျော်အချိန်ကာလက တခြားသူတွေအတွက် ရှည်ကြာသော ကာလတစ်ခုဖြစ်နိုင်ပါသော်ငြား သူတို့အတွက်တော့ စက္ကန့်ပိုင်းလောက်သာ ကြာသည်ဟု ထင်ရသည်လေ

နက်ဖြန်ဆို ဂျီမင်က Seoulကိုသွားရတော့မှာမို့ ဒီနေ့တော့ သူတို့နှစ်ယောက်ရဲ့ အချစ်ဖြစ်တည်ရာနေရာလေးဟု ပြောနိုင်သည့် နေရာ ထင်းရှူးတောလေးတွင် တစ်ယောက်နဲ့တစ်ယောက် မှာတမ်းခြွေနေကြခြင်းဖြစ်သည်

"ဂျီမင်"

"အင်း ပြောလေ"

"မင်း အဲ့ရောက်ရင် ငါ့ကိုရော ဒီနေရာလေးကိုရော မေ့မသွားရဘူးနော် အမှန်အတိုင်းပြောရရင် မင်းရည်မှန်းချက်ကြောင့်ရယ် ပြီးတော့ မင်းဖေဖေနဲ့ ကတိပေးထားတာရယ်ကြောင့်သာ လွှတ်ရတာ အမှန်တော့ ငါက လွှတ်ချင်တာမဟုတ်ဘူး ကျေးလက်အရသာကိုပဲ ခံစားနေရတဲ့သူတစ်ယောက်က မြို့ပြရဲ့ အရသာကို ခံစားမိပြီးရင် မြို့ပြကိုပဲ သဘောကျသွားတော့မှာ မြို့မှာက အဆင့်မြင့်မြင့်နေရတယ်လေ နယ်ဘက်မှာက အဲ့လိုမှမဟုတ်ပဲ"

သူပြောချင်တဲ့စကားအကုန်ပြောပြီးတဲ့နောက် ဂျောင်ကုက မျက်နှာငယ်လေးနဲ့ ခေါင်းငိုက်စိုက်ကျသွားတာကြောင့် ဂျီမင်က သူ့ခေါင်းလေးကို အသာအယာဆွဲမကာ

"ဘာလို့ အဲ့လိုဖြစ်ရမှာလဲ ငါက အသက်၅နှစ်‌အရွယ်လောက်ကတည်းက ဒီနယ်မှာ ကြီးပြင်းခဲ့တဲ့သူပါကွ အဲ့လိုဘယ်တော့မှ မဖြစ်စေရဘူး ငါက ဒီမြို့လေးကို ဘယ်လောက်ချစ်လဲဆိုတာ သိတယ်မလား ဒီမြို့လေးထဲမှာ ငါကြိုက်တဲ့ ထင်းရှူးတောလေးလည်းရှိတယ် ဘွားဘွားလည်းရှိတယ် ပြီးတော့ အရာအားလုံးထက် ငါ့အတွက်အရေးကြီးတဲ့ ငါ့ရဲ့ အချစ်ဆုံးဖြစ်တဲ့ ငါ့ရဲ့ဝါသနာကလည်း ဒီမြို့လေးမှာပဲ လုပ်ခွင့်ရှိတာလေ

မင်းရှိတဲ့မြို့♡︎Where stories live. Discover now