//Different lines//

573 97 6
                                    

လောကကြီးရဲ့ ကံကောင်းခြင်းတွေ၊ နွေးထွေးမှုတွေ၊ ကြင်နာမှုတွေက ငါနဲ့မထိုက်တန်ဘူး ထင်ပါရဲ့။ မင်းရဲ့ စေတနာတွေက ငါ့အတွက်တော့ သိမ်ငယ်မှုဖြစ်စေတယ်။

🅚︎🅘︎🅜︎'🅢︎

"အ့!!"

ကုတင်အောက်သို့ အလဲလဲအပြိုပြိုကျသွားတဲ့ ခန္ဓာကိုယ်ကိုတောင် ဂရုမစိုက်နိုင်ဘဲ အလှတရားကိုကြည့်မိသည်။ မျက်ဝန်းညိုတွေသည် အရောင်လဲ့နေလျက် စိုစွတ်နေဆဲ နှုတ်ခမ်းတွေသည် တုန်ရီနေသည်။ အသေအချာဆိုရင်တော့ အလှတရား ငိုနေပါသည်။

"ထွက်သွား!! ထွက်သွားတော့!!"

အမြန်ထပြီး အနားသွားဖို့ပြင်တော့ ကုတင်ပေါ်ဘက် ထိုင်နေရက်က နောက်ကိုဆုတ်သွားပြီး မောင်းထုတ်သည်။ သူမှားသွားပြန်ပြီ။ စိတ်မထိန်းနိုင်တဲ့ လုပ်ရပ်တစ်ခုနဲ့ Kim Namjoonဆိုတဲ့သူဟာ ပြဿနာတွေချည်း လုပ်မိနေရောသလား။

"မင်းကို ထွက်သွားလို့ ပြောနေတယ်လေ!!!"

အခန်းလုံထဲတွင် အသံကျယ်က လွှမ်းမိုးလျက် အလှတရားက ေဘးနားက အလှပန်းအိုးကိ​ု လှမ်းဆွဲသည်။ သူအသာတကြည် ထွက်လာခဲ့လိုက်ပါသည်။ ဒီအချိန်က ချက်ချင်းဖြေရှင်းလို့ရတဲ့ အချိန်မဟုတ်ဘူး။ အလှတရားက သိပ်ဒေါသကြီးတာ။

စက္ကန့်ပိုင်းအတွင်း အခန်းတစ်ခုလုံးက ရစရာမရှိအောင် အကျည်တန်သွားသည်။ ပျံ့ကျဲနေတဲ့ ခေါင်းအုံးတွေနဲ့ နှင်းဆီပန်းတွေရယ်။ တစစီ ကွဲကြေနေတဲ့ ပန်အိုးအစတွေရယ်။ နေရာမမှန်တော့သော ပရိဘောဂပစ္စည်းတွေရယ်။

ဘာမှမရှိတဲ့ ကုတင်ပေါ်မှာ သူငိုနေတာ။ မြန်ဆန်လွန်းတဲ့ အထိအတွေ့မှာ သူမငြင်းနိုင်ခဲ့သလို ပုံမှန်ထက်မြန်ဆန်နေသော နှလုံးသားရဲ့ စည်းချက်တွေကလည်း အခုထိမရပ်တန့်နိုင်သေး။ အခိုက်အတန့်ငယ်မှာ ပျော်ဝင်ခဲ့ပေမဲ့ မဖြစ်သင့်ဘူးဆိုတဲ့ အတွေးတွေက ခြောက်လန့်ပြန်တော့ အကြောင်းပြချက်မဲ့စွာ သူ မျက်ရည်တွေကျလာခဲ့သည်။ သူ မချစ်ချင်ပါ။ ချစ်ခြင်းရဲ့ ကျေးကျွန်လည်း မဖြစ်ချင်သလို သူ အဲ့ဒီလူသားကို လုံးဝမချစ်ချင်ပါ။ ချစ်ရမှာကို ကြောက်သည်။ အချုပ်အတည်းတွေကို ကြောက်သည်။ မာနတရားတွေကို တန်ဖိုးထားသည်။

K I M's✔︎Where stories live. Discover now