!Toxic Poem!

532 72 16
                                    

အဆိပ်သင့် ကဗျာတွေပေါ့။
လှပပေမဲ့ သေစေနိုင်အောင် ရက်စက်တာမျိုး။

🅚︎🅘︎🅜︎'🅢︎

လတစ်လရဲ့ နောက်ဆုံးအပတ်။ သူတို့အိမ်တော်က ထွက်လာပြီး နှစ်ယောက်အတူနေနေကြတဲ့ သုံးပတ်ပြည့်။ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ အလုပ်ရခဲ့သလို အဆင်လည်းပြေခဲ့ပါသည်။ မနက်ကနေ ညနေအထိ သူလည်းထိုကုမ္ပဏီမှာ အလုပ်ဝင်သလို အလှတရားသည်လည်း အိမ်မှာပဲကျန်နေခဲ့သည်။ သူ့အတွက် အိမ်ထောင်ရှင်ယောင်္ကျားတစ်ယောက်လို အစားအစာတွေပြင်ဆင်ပေးသည်။ အလှတရားသည် အိမ်မှုကိစ္စမှန်သမျှ တာဝန်ယူသည်။ အပြင်လည်းထွက်ခဲလာသလို လူဆိုးမလုပ်တော့တာလည်း ကြာခဲ့ပြီ။ လက်မထပ်ရသေးပေမဲ့ သူတို့အခြေအနေတွေက ပြေလည်လာသလို အချင်းချင်းလည်း နားလည်မှုပိုရှိလာကြသည်။ သို့သော် ဟန်ဆောင်မှုတစ်ခုလို ခံစားရပြီး တကယ်တမ်းတော့ Kimနဲ့ Joonကြားက ကတိကိစ္စကြောင့် Joonကတော့ မေ့မေ့ပျောက်ပျောက်နေပေမဲ့ အလှတရားကတော့ ထိုကိစ္စနဲ့ပက်သက်ရင် စိတ္တဇဖြစ်နေတဲ့ လူတစ်ယောက်လိုပြောင်းလဲသွားတတ်သည်။ တစ်ယောက်တည်းရှိနေရင် ဖဲချပ်တွေကို ကစားနေရင်း လက်စွပ်လေး ဆိုပြီး တဖွဖွရေရွတ်နေတတ်တာကို Joonသက်ပြင်းချ၍သာ စိတ်မကောင်းဖြစ်မိသည်။ နောက်တစ်ကြိမ် လက်ထပ်ခွင့်တောင်းဖို့လည်း စဥ်းစားမိ၏။

"အချစ်....ပြန်လာပါပြီ....."

"Joon.....ပေး အိတ်....."

လက်ကိုင်အိတ်နဲ့ Coatကိုယူကာ နှုတ်ခမ်းကိုနမ်းတဲ့ အလှတရားဟာ အေပရွန်လေးနဲ့ အလုပ်ရှုပ်နေဟန်။ မရိုးနိုင်တဲ့အနမ်းတွေကြောင့် ပင်ပန်းလာသမျှ အမောပြေရသလို နှစ်ယောက်အတူတူရှိနေရတဲ့ နေ့တွေတိုင်းက Joonအတွက်တော့ တန်ဖိုးရှိလွန်းလို့။ လိမ္မာလာတဲ့ ချစ်ရသူကြောင့်လည်း စိတ်ချမ်းသာရသလို ဒီကမ္ဘာငယ်က အေးချမ်းနေမြဲ။

"ညစာလား အချစ်...."

ဆွယ်တာအပွအောက်က ခါးလေးကို နောက်ကနေဖက်ကာ ပုခုံးပေါ်မေးတင်ပြီးမေးတော့ ချစ်ရသူက သူချက်နေတာကို မြည်းခိုင်းသည်။

"အမဲသားကို ရိုးရိုးလေးပဲကင်ထားတယ်....ပြီးတော့ ပါစတာ....အချစ်က ပင်လယ်စာမစားလို့ ကြက်သားနဲ့ပဲ လုပ်ပေးထားတယ်နော်...ဒီဟင်းချိုလေးရရင် စားလို့ရပြီ...သွား....ရေသွားချိုးတော့...."

K I M's✔︎Where stories live. Discover now